Kaung's POV 6

240 12 0
                                    

၂၀၁၃ခုနှစ်၊ဇန်နဝါရီလ၊၄ရက်နေ့

လင်းတက်သော ဝဇ္ဇာသိပ္ပံတက္ကသိုလ်သို့ ကျွန်တော် လင်းနဲ့အတူ လိုက်တက်နေသည်မှာ ယခုဆိုလျှင် သုံးနှစ်မြောက်ပင်ရှိလာပြီ။ကျွန်တော့်ဘက်က မလျှော့သော ချစ်မေတ္တာတို့ဖြင့် လင်း ဘေးနားတွင်နေပြီး လင်းကိုသာ အရိပ်တကြည့်ကြည့် နေခဲ့ပါသော်လည်း တစ်ခါတလေ လင်းစိတ်ကို ကျွန်တော်နားမလည်။

အားကစားလုပ်ရတာ ဝါသနာပါသော ကျွန်တော်သည် တက္ကသိုလ်တွင်လည်း ဘော်လီဘောကို စွဲစွဲမြဲမြဲကစားဖြစ်သည်မှာ ယခုနှစ်အပါအဝင်ဆို သုံးနှစ်ရှိပြီ။ယနေ့သည် ဘော်လီဘော ပြိုင်ပွဲ၏နောက်ဆုံး နေ့ဖြစ်သည်။ပြိုင်ရမည့် တဖက်အသင်းတွင် ကျောင်းစတက်ကတည်းက ကျွန်တော်နှင့်မျက်နှာ‌ကြောမတည့်သည့် အာကာကျော် ပါနေလေသည်။ကျွန်တော်တို့ မေဂျာ ဒီပွဲတွင် နိုင်ကိုနိုင်ရမည်။

အကြိတ်အနှယ် ဆော့ကစားနေမှုသည် ပထမတစ်ပွဲတွင် သားရေကျနေသောကြောင့် နောက်ထပ် ပွဲကစားဖို့ရန်ဖြစ်လာလေသည်။ ကျွန်တော်လည်းချွေးများစိုရွှဲကာ ဒူးနှစ်ဖက်ပေါ်လက်တင်ပြီး ခဏနားနေလေသည်။ ကျွန်တော်နားနေစဉ် လင်းသည် အခွံခွာပြီးသား လိမ္မောသီးများကို ကျွန်တော့်ကို ခွံ့ကျွေးလေ၏။ဓာတ်ဆားရည်ကိုပါ တိုက်သဖြင့် ပင်ပန်းနေမှုတို့သည် လေအလျင်လိုပင် ပျောက်သွားတော့သည်။


ကျွန်တော် အသင်းသားများနှင့်စကားပြောပြီးချိန် လင်းကို ရှာလိုက်တော့ ဟိုသကောင့်သားကို လိမ္မော်သီး ခွံ့ကျွေးနေသောလင်း။လက်ကအငြိမ်မနေဘဲ ကျွန်တော်မြတ်နိုးရသော လင်း၏ ပါးကိုတောင် ဆွဲလိုက်လုပ်နေ၍ ချက်ခြင်းဆွဲထိုးပစ်ချင်စိတ်တို့ကိုပင် မျိုသိပ်ထားရ၏။

အကြိတ်အနှယ် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲသည် နောက်ဆုံးတွင်တော့ ၁၅:၁၀ မှတ်ဖြင့် ကျွန်တော်တို့ မေဂျာမှ အနိုင်ရရှိခဲ့လေသည်။မကြာမီအချိန်တွင် ဆုယူရတေယ့မည် ဖြစ်လေသောကြောင့် လင်းကို ရှာလိုက်မိသည်။လင်းသည် ပြည့်ပြည်ြနှင့်အတူ အားကစားရုံထဲမှ ထွက်ခွာနေပြီဖြစ်သည်။ကျွန်တော် နည်းပြဆရာကို ခွင့်တောင်းပြီး လင်း နောက်ကိုအမြန်ပြေးလိုက်လိုက်၏။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now