Part 21

746 42 2
                                    

"လင်း...ကန်တင်းသွားရအောင်"

မနက်ခင်းပိုင်း အတန်းချိန် ပြီးသွားချိန်တွင် ပြည့်ပြည့်က ကန်တင်းသွားဖို့ ကျွန်တော့်ကို ပြောလာလေသည်။

"အဆောင်မှာပဲ စားတော့မယ်လေ"

ကျွန်တော် ငြင်းလိုက်တော့ ပြည့်ပြည့်က

"အဆောင်မှာ မှဟင်းမကောင်းတာကို...တစ်ခါတလေလေးကို နင်ကလည်း...သွားရအောင်...နော်"

ကျွန်တော်လည်း သူ့ကို မငြင်းချင်တော့တာနှင့် လက်ခံလိုက်တော့သည်။

"အင်း သွားတာပေါ့"

ကျွန်တော်နှင့် ပြည့်ပြည့် အခန်းထဲက ထွက်လာတော့ ပြည့်ပြည့်က ကောင်း ကို မေးတော့သည်။

"မင်းဝေကော လင်း"

"ငါလည်းမသိဘူး...စာသင်ပြီးတာနဲ့ တန်းထွက်သွားတာ...ငါ့လည်း ဘာမှပြောမသွားဘူး"

ကျွန်တော် စိတ်ရှုပ်စွာ ဖြေလိုက်တော့ ပြည့်ပြည့်က မေးခွန်း‌တွေ တရစပ်မေးတော့သည်။

"နင်တို့ရန်ဖြစ်ထားတာလား...သူက အရင်ကဆို နင့်ကို အတင်းလိုက်ကပ်နေတာ...အခုသူက ဘာတွေ ဖြစ်နေတာလဲ"

"ဪ...ငါလည်း ဘယ်သိမလဲ "

ကန်တင်းရောက်တော့ ပြည့်ပြည့်က ကျွန်တော့်ကို ဘာစားမလဲ ဟု မေးလေသည်။

"ရှမ်းခေါက်ဆွဲ နဲ့ လက်ဖက်ရည် ကျစိမ့်တစ်ခွက်"

"အေး ငါသွားမှာ လိုက်အုန်းမယ်"

ပြည့်ပြည့်ထွက်သွားတော့ ကျွန်တော် တစ်ယောက်တည်း ကျန်နေစဉ် အာကာကျော်က ကျွန်တော်တို့ ဝိုင်းသို့ ရောက်လာတော့သည်။

"လင်း ကိုယ်ထိုင်မယ်နော်"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ကျွန်တော့်အ‌ရှေ့မျက်နှာချင်းဆိုင်တွင် ချက်ခြင်းပင်ဝင်ထိုင်ကာ ပြုံးပြီး ကျွန်တော့်ကို ကြည့်နေတော့သည်။ကျွန်တော်လည်း ကြာလာတော့ မနေတတ်တော့။အနေရခက်နေစဉ် တဖက်ဆိုင်အတွင်းမှ တက်ခေါက်သံ ကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ လူကို စားမတတ် ဝါးမတတ်စိုက်ကြည့်နေသော ကောင်း ၏အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now