ကျွန်တော်လည်း သူ့ကို ရုတ်တရက်တွေ့လိုက်ရတဲ့အတွက် အံ့ဩမိခဲ့သည်။ ဘာပြောရမှန်းမသိတဲ့အတွက် ပြန်လှည့်ထွက်လာချိန် ကျွန်တော့် လက်ကောက်ဝတ် လှမ်းဆွဲခြင်းခံလိုက်ရသည်။"လင်းလေး ဒီမှာ လင်းလေးကြိုက်တဲ့ နှင်းဆီဖြူတွေ ။ ကိုယ့်ကိုစကားမပြောချင်ရင်တောင် ဒီပန်းတွေတော့ လက်ခံပေးပါကွာ ။ ဒီပန်းတွေက ကိုယ် ကိုယ်တိုင် စိုက်ထားတာတွေလေ ။ နော်...လက်ခံပေးပါနော် လင်းလေး...။"
"ကျစ်..."
ကျွန်တော် စိတ်ပျက်စွာပင် လှမ်းဆွဲခံထားရတဲ့ လက်ကို ရုန်းမိသည် ။ ရုန်းသော်ငြားလည်း အမိအရကိုင်ထားသူကြောင့် ထိုသူ့ဆီကနေ ရုန်းထွက်လို့မရ ။ စိတ်တိုမှုတွေ ၊ အရှက်ရမှုတွေ ကြောင့် အိမ်ရှေ့ထိလာပြီး နှောင့်ယှက်နေသူကို ကျွန်တော် တစ်ချက်ထိုးလိုက်မိသည် ။ ရုတ်တရက် မမျှော်လင့်ပဲ အထိုးခံလိုက်ရတဲ့ သူကတော့ ဟန်ချက်ပျက်သွားတဲ့ ကိုယ်ကို အမြန်ပြန်ထိန်းလိုက်ရင်း ကျွန်တော့်ကို စကားဆိုလေသည်။
"လင်းလေး က ကိုယ့်ကို တော်တော်စိတ်ဆိုးနေတာပဲ ။"
"ဟေ့ကောင် မင်းကိုငါ စိတ်ဆိုးတာ မဟုတ်ဘူး ၊စိတ်ပျက်တာ ၊ မုန်းတာကွ ။ ဒီကိစ္စက မင်းဒီလိုတွေ လာလုပ်နေရင် ပိုဆိုးသွားလိမ့်မယ် ။ မင်းဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်တည်းက ငါ့ဘဝမှာမရှိတော့ဘူး ။ ပြီးတော့ မင်းကငါ့အတွက်တော့ သေလူပဲ။မင်းထွက်သွားလိုက်တော့ ။ ငါ့အိမ်ရှေ့ကနေရော၊ငါ့ဘဝထဲကနေပါ ထာဝရထွက်သွားလိုက်တော့။"
"အဟွန်း...လင်းလေး နောက်ဆုံးတော့ ကိုယ့်ကိုမှတ်မိသွားပြီပေါ့ ။ လင်းလေး ကိုယ့်ကို စိတ်ပျက်နေလည်းရတယ် ၊မုန်းနေလည်းရတယ် ။ ဒီလိုပြောလိုက်လို့ ကိုယ်လင်းလေး နားကနေ ထွက်သွားမယ်လို့ ဆိုလိုတာမဟုတ်ဘူးနော် ။ ကိုယ်လင်းလေးကို ရှင်းပြစရာတွေ အများကြီးရှိတယ်။ ပြီးတော့ လင်းလေး စိတ်ကျေနပ်အောင် ကိုယ်တောင်းပန်မှာပါ ။ "
"အေး မင်းမေကြီးတော်ကိုသာ သွားရှင်းပြလိုက်။နောက်ငါ့ရှေ့မလာနဲ့ ။"
"ကိုယ့်မှာ ကြီးတော်မှမရှိတာ လင်းလေးလည်းသိတာပဲ ။"
ထိုချိန် မေမေ ထွက်လာကာ ဧည့်သည်ကိုလာခေါ်လေသည် ။
YOU ARE READING
A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)
Novela Juvenilကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။ Both Zawgyi & Unicode Start Date - 10/12/2021 End Date - 10/2/2022 Cove...