Part 37 End

1.9K 38 20
                                    

"သားလင်း နဲ့ သားကောင်း ကကော ဘယ်တော့လောက် ယူမယ်လို့ စီစဉ်ထားကြလဲ..."

"မေ့!"

"မေကြီး!"

မေမေ ပြောလိုက်သော စကားကြောင့် ကျွန်တော်တို့ အကုန်ထိတ်လန့် သွားရလေသည်။ ဖေဖေသည်လည်း မျက်လုံးကြီးပြူးပြီး မေမေ့ကို ကြည့်နေလေ၏။ ကောင်း ကတော့ ခေါင်းကိုသာ ငုံ့မြဲငုံ့နေလေသည်။ မမသည်လည်း စားလက်စ ‌မုန့်ကို ဆက်မစားနိုင်ဘဲ မေမေ့ကိုသာ အံ့ဩတကြီး ကြည့်နေလေ၏။

"မေမေ့ကို မသိဘူး ထင်နေကြတာပေါ့ "

"ဟိုလေ မေ့ ‌ကျွန်တော်ရှင်းပြမယ်လေ...နော်..."

ကျွန်တော် ပြောလိုက်တော့ မေမေက တစ်ချက်ပြုံးပြီး ကျွန်တော်နှင့် ကောသ်းကို ကြည့်နေလေ၏။

"သားကောင်း...အခုမှ ဘာလို့ ခေါင်းကြီးငုံ့ထားရတာလဲ..."

"မေကြီး...ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော်လေ...ကျွန်တော် လင်းလေးကို ...မစွန့်လွှတ်ပါရစေနဲ့..."

"သားကောင်းရယ်...မေကြီး ဘာမှတောင် မပြောရသေးဘူး...မေကြီးပြောတာ နားထောင်ပါအုန်း"

မေမေ ပြောလိုက်သည့် စကားကြောင့် ကောင်း မေမေ့ကို မော့ကြည်လာလေသည်။ ကျွန်တော်လည်း မေမေ ဘာဆက်ပြောမလဲ သိချင်နေသောကြောင့် မေမေ့ကိုသာ အာရုံစိုက်ထားနေမိသည်။

"ဟိုတစ်ခါ မေကြီး သားကောင်းကို မေးတယ်ဆိုတာက ဆူချင်လို့မဟုတ်ပါဘူးကွယ်...မေကြီးက ဒီတိုင်းပဲ သားကောင်းကို မေးကြည့်တာပါ..."

"ဟင်...မေ ကဘယ်တုန်းက ကောင်းကို မေးလိုက်တာလဲ"

"အရင်တစ်ခေါက် လာတုန်းကလေ...မေမေ လည်း မနန်းပြောပြထားလို့ သိပြီးပါပြီ...ပြောရရင်တော့ မနန်း မပြောခင်တည်းက မေမေ သိနေပြီးသာပါ...."

"ဟင် !!"


မေမေ့ စကားကြောင့် ကျွန်တော်တို့ အကုန်လုံး အံ့ဩရပြန်လေသည်။ ဘယ်ချိန်တည်းကများ မေမေ သိနေခဲ့တာပါလိမ့်။

"လင်းလေး သားကောင်းဆီက ပြန်လာတဲ့အခေါက်တုန်းကလေ...အဲ့တုန်းက  လင်းကို ဘာဖြစ်တာလဲလို့ မေမေ မေးလည်း သားကမဖြေဘူးလေ...ဒါပေမယ့် ကိုယ့်သားသမီး တစ်ခုခုဖြစ်နေတယ်ဆိုတာ ဘယ်မိဘ မဆိုသိပါတယ်ကွယ်...မေမေလည်း သားမပြောချင်တဲ့အတွက် ဆက်မမေးခဲ့ဘူး...

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now