ဖေဖော်ဝါရီလ/၁၄ရက်
နှိုးစက်သံ၏ ဆူညံမှုကြောင့် အိပ်ရာမှ မထချင်ဘဲ ထခဲ့ရ၏။ စားပွဲပေါ်က နာရီကို လှမ်းကြည့်မိတော့ မနက် ခုနှစ်နာရီ။ ကျောင်းပိတ်ရက် မဟုတ်သော်လည်း ယနေ့သည် Valentine Dayဖြစ်သောကြောင့် တစ်တန်းလုံး အတန်းပျက်ကြမည့်နေ့။ ကျောင်းသည်ပင် ခြောက်ကပ်ကပ်ဖြစ်နေတော့မည်မှာ မလွဲ။
ကျွန်တော်လည်း ကျောတွေပူလာတာကြောင့် အိပ်ရာထဲမှ ထလိုက်ပြီး မျက်နှာသစ်ဖို့ရန် ရေချိုးအုတ်ကန်ဆီသို့ သွားရန်ပြင်လိုက်သည်။တဖက်ကုတင်မှ ကောင်း ကတော့ အိပ်ပျော်နေဆဲ။အခန်းထဲမှ ထွက်ထွက်ချင်း အောက်ထပ်မှ တက်လာသော အာကာကျော်နှင့် တည့်တည့်ပင်တိုးလေသည်။သူ့ကို ဘာပြောရမှန်း မသိသောကြောင့် ရယ်သာပြလိုက်ပြီး အောက်ထပ်သို့ ဆင်းရန်ပြင်လိုက်သည်။
"လင်း...ခဏ"
အာကာကျော့် ခေါ်သံကြောင့် သူ့ကို ပြန်လှည့်ကြည့်လိုက်မိသည်။
"ဟို...ဘာပြောမလို့လဲ"
"ဘာမှတော့ မဟုတ်ပါဘူး...ရော့...ချောကလက်...ဒီနေ့က V-day ဆိုတော့ ချောကလက် ကျွေးမို့"
"ကျေးဇူးနော်...ငါ မျက်နှာသွားသစ် လိုက်အုန်းမယ်...သွားပြီ"
ကျွန်တော်လည်း အာကာကျော်ပေးသော ချောကလက်ကို အမြန်ယူပြီး အောက်ထပ်သို့ ဆင်းကာ မျက်နှာသစ်ခြင်း အမှုကိုပြုလိုက်လေသည်။ မျက်နှာသစ်ပြီး အခန်းထဲရောက်တော့ ကောင်း အိပ်ရာမှ နိုးနေပြီ။ ကျွန်တော်လည်း မျက်နှာသုတ်ဖို့ လက်ထဲတွင် ကိုင်လာသော ချောကလက်ကို စားပွဲပေါ်တင်လိုက်သည်။
"ဘယ်ကရတာလဲ..."
"ဘာကို...."
ကောင်း ၏မေးဆတ်ပြမှုကြောင့် ချောကလက် ကိုပြောတာမှန်း သိလိုက်လေသည်။
"လမ်းမှာ အာကာကျော်နဲ့တွေ့တာ...သူပေးလိုက်တာ..."
"ဘာလို့ သူများပေးတိုင်း လျှောက်ယူတာလဲ"
ကောင်း ၏ စကားသံတို့သည် မာဆတ်နေပြီး မျက်ခုံးများသည်လည်း တွန့်ကွေးနေတော့သည်။
"ဘာရယ်မဟုတ်ပါဘူး...ဒီတိုင်းပဲ"
"ဘာကို ဒီတိုင်းပဲလဲ"
YOU ARE READING
A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)
Novela Juvenilကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။ Both Zawgyi & Unicode Start Date - 10/12/2021 End Date - 10/2/2022 Cove...