Kaung's POV 5

227 11 0
                                    

ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကလောတွင်နှစ်ပတ်ခန့် လည်ပတ်ပြီးချိန်တွင် ဇာတိမြို့‌လေးသို့ ပြန်လာခဲ့ကြသည်။ထိုနေ့ရက်များတွင် လင်းဘေးနား ကျွန်တော် ကြာကြာရှိမပေးနိုင်ခဲ့။အဖွားရှိရာမြို့သို့ အလည်အပတ်သွားရမည် ဖြစ်သည့် အတွက် လင်းနှင့်ဖုန်းဖြင့်သာ အဆက်အသွယ်ပြုမိခဲ့သည်။ယခင်က အခုလိုမျိုး  လင်းနဲ့အကြာကြီး တစ်ခါမှ မခွဲခွာဘူးသဖြင့် အလွမ်းဓာတ်တို့မှာ ပို၍ပင်တိုးလာရသည်။လင်းက စာဖြင့်ဆက်သွယ်ရတာကို ပိုသဘောကျသည့်ပုံ။ထို့ကြောင့် ကျွန်တော်လည်း လင်းစိတ်ကြိုက် စာများကိုသာရေးပြီး ပို့ပေးဖြစ်သည်။ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်ထဲတွင်လည်း လင်းကို လွမ်းသည့်အလွမ်းတို့သည် ပို၍တိုးလာလေသည်။

သို့ပေမယ့် လင်းသည် ကျွန်တော့်ကို နောက်ပိုင်းတွင် ဆက်သွယ်မလာတော့။ကျွန်တော်ကတော့ ပုံမှန်အတိုင်း စာရေးထည့်နေပေမယ့် စာမလာသတင်းမကြားသည့် လင်းကြောင့် ကျွန်တော့်မှာ လင်းကိုစိတ်ပူလာရသည်။လင်းရှိရာ အမြန်ပြန်ချင်သော်လည်း အဖွားဖြစ်သူကပါ နေမကောင်းဖြစ်နေသဖြင့် ပြန်လို့မရဖြစ်နေတော့သည်။မေလတစ်လလုံးအပြင် ဇွန်လရက်များစွန်းသည့်တိုင် လင်းရှိရာ ဇာတိမြို့သို့ ကျွန်တော်မပြန်ရသေး။ဤသို့နှင့် မနက်ဖြန်ဆိုလျှင် ဆယ်တန်းအောင်စာရင်း ထွက်တော့မည်။မားကတော့ ကျွန်တော့်ကို မပြန်စေချင်ပုံရနေသည်။သို့ပေမယ့် ကျွန်တော့်ဘဝကို အဆုံးအဖြတ်ပေးမည့် နေ့တွင် လင်း ဘေးနားတွင်သာ ကျွန်တော်ရှိချင်မိသည်။

ကျွန်တော့်ဘဝရဲ့ အမှတ်ရစရာ အဖြစ်အပျက်များတိုင်းတွင် ချစ်ရသူကိုပါ ကျွန်တော့် အနားရှိနေစေချင်သည်။ထို့ကြောင့် မနက်စောစောပင် ကားလက်မှတ်ဖြတ်ပြီး ဇာတိမြေသို့ ကသုတ်ကရိုက်ပင် ပြန်လာခဲ့လိုက်သည်။အပြန်လမ်းတစ်လျှောက်တွင် လမ်းပြင်နေသောကြောင့် ကားရပ်ပြီး အကြာကြီးစောင့်နေရသည့်အတွက် ကျွန်တော်စိတ်မရှည်ချင်တော့။ယာဉ်ရပ်နားစခန်းများတွင်လည်း ကားရပ်ထားသည်မှာ ယခင်ကထက်ပို၍ပင်ကြာနေတော့သည်။

အချိန်သည်ကား ညခုနှစ်နာရီပင်ရှိနေသည်။မြို့ကိုရောက်ဖို့သည် နောက်ထပ်သုံးနာရီလောက်ကြာပေဦး‌မည်။ထို့ကြောင့် လင်းနားထောင်တတ်သည့် သီချင်းများကို ဖွင့်ပြီးကားပေါ်တွင်ပင် အိပ်လိုက်တော့သည်။မြို့ကို‌ပြန်ရောက်တော့ ညဆယ်နာရီပင်ရှိနေပြီဖြစ်သည်။တွေ့ရာ ဆိုင်ကယ်
တက္ကဆီကို တားပြီး လင်းတို့အိမ်ကိုသာ မောင်းပို့ခိုင်းလိုက်သည်။ဟွန်းတီးသံအကျယ်ကြီးကြောင့် မေကြီးသည် အိမ်တံခါးမကို ဖွင့်ပြီး အိမ်ရှေ့သို့ကြည့်လာလေသည်။ကျွန်တော့်ကို မြင်တော့ ခြံထဲအပြေးဆင်းလာပြီး ခြံတံခါးလာဖွင့်‌ပေးလေသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now