အပိုင်း(၃၂)
မကြာမီတွင် သက်ဆိုင်ရာ အသီးသီးတို့ရောက်လာကြလေသည်။ မှုခင်းဆရာဝန်တို့သည်လည်း ဦးငွေစိုး၏ ခန္ဓာကိုယ်ကို စစ်ဆေးနေကြလေသည်။ ရဲမှူးသည်လည်း သူ့ တပည့်များကို သက်သေများကို စနစ်တကျ ကိုင်တွယ်ဖို့ပြောနေလေ၏။
မှုခင်းလက်ထောက်ဆရာဝန်မသည် ညီမလေးကို အဖြစ်အပျက်အချို့ မေးမြန်းလာလေသည်။ သက်သေများ၊အလောင်းကောင်၏ ခန္ဓာကိုယ်အနေအထားတို့ကို စစ်ဆေး၊ ဓာတ်ပုံရိုက်ပြီးနောက် ရဲမှူးသည် ကျွန်တော့်ကို စကားပြောလာလေ၏။
"ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်တာ ခင်ဗျားလား"
"ဟုတ်ပါတယ် ခင်ဗျ"
"ဟိုမိန်းကလေးနဲ့ ဘယ်လိုတော်စပ်တာလဲ"
"ကျွန်တော်က သူ့အစ်ကိုပါ"
"ဟုတ်ပါပြီ...ပြီးရင် ကျွန်တော်တို့နဲ့ စခန်းကို ခဏလိုက်ခဲ့ပါ...မေးမြန်းစရာတွေရှိလို့ပါ..."
"ဟုတ်ကဲ့... ကောင်းပါပြီ"
မား၊ပါး နှင့်အတူ မိသားစုရှေ့နေပါ ရောက်လာချိန်တွင် ညီမလေးသည် မား၏ ရင်ခွင်ထဲ တိုးဝင်ကာ ရှိုက်ငိုနေပြန်လေ၏။ မှုခင်းဆရာဝန်မသည် ဦးစွာညီမလေးကို ဆေးရုံသို့ ပို့ဆောင်စေလေသည်။
Rape case ဖြစ်နေသောကြောင့် ညီမလေးသည် ဆေးရုံသို့ ဆေးသွားစစ်ရမည်ဖြစ်ပြီး မားနှင့် မမချယ်ရီလည်း ညီမလေးနှင့်အတူ လိုက်ပါသွားလေသည်။ပါးနှင့် ရှေ့နေကြီးသည်လည်း စခန်းသို့ ကျွန်တော်နှင့်အတူ လိုက်လာလေ၏။
စခန်းရောက်တော့ ရဲမှူးကြီးကို ဖြစ်ကြောင်းကုန်စင် ကျွန်တော်ပြောပြလေသည်။
"ခင်ဗျား ပြောသလိုဆိုရင်တော့ ကလေးမမှာ အပြစ်မရှိပါဘူး...ပြီးတော့ ကျွန်တော်တို့ တိုက်ခန်းကနေ CCTV မှတ်တမ်းရထားတာရှိတယ် ...စစ်ဆေးကြည့်တဲ့ အခါမှာလည်း ခင်ဗျားပြောတဲ့အတိုင်းပဲ...ကလေးမက ပထမပန်းအိုးနဲ့ တရားခံကို ရိုက်လိုက်တယ်...ဒါပေမယ့် တရားခံက ဘာမှမဖြစ်သွားဘူး...အကယ်၍ တရားခံက ပန်းအိုးနဲ့ရိုက်လိုက်တည်းက သေသွားခဲ့ရင်တောင် ကလေးမက ခုခံကာကွယ်ပိုင်ခွင့်အပြည့်ရှိတဲ့အတွက် ပြစ်ဒဏ်မကျနိုင်ပါဘူး...ဒါကကျွန်တော် သိသလောက်ပါ..."
YOU ARE READING
A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)
Teen Fictionကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။ Both Zawgyi & Unicode Start Date - 10/12/2021 End Date - 10/2/2022 Cove...