Part 13

884 51 10
                                    

နွေကျောင်းပိတ်ရက်ရှည်အတွင်း ရပ်ကွက်တွင်းရှိ ကလေးတွေကို ကျွန်တော် အင်္ဂလိပ်စာ ပညာဒါနသင်ပေးဖြစ်ခဲ့သည်။ ထုံးစံအတိုင်း ကောင်းကတော့ ကျွန်တော့်ဘေး တကပ်ကပ်နှင့်။ အိမ်မလာနဲ့လို့ပြောလည်း ပြောလို့ဆိုလို့မရ။ သူ့ကိုအတူအိပ်ခိုင်းလိုက်တဲ့ည ပြီးကတည်းက ကျွန်တော်သတိမထားမိချိန်တိုင်း အလစ်သုတ်ကာ နမ်းတတ်သေးသည်။

Facebook ပေါ်တွင်လည်း ကျွန်တော်တင်သမျှ post တိုင်းကို love react ပေး၊ comments တွေအရှည်ကြီး ရေးပြီး flirt တတ်သေးသည်။ စိုင်းကောင်းမင်းဝေ ဟာ ငယ်ငယ်တုန်းကနှင့် တခြားဆီ။

အခုလည်း ကျွန်တော် ကလေးတွေကို စာသင်နေစဉ် ရောက်လာပြန်လေသည်။ အခုနောက်ပိုင်း သူလာရင် ကလေးတွေအတွက် မုန့်တွေပါ ဝယ်လာတတ်သဖြင့် ကလေးတွေမှာလည်း ဦးကောင်း ဆိုပြီး သူ့ကို ချစ်ကြသည်။ကျွန်တော် စာသင်ပြီးချိန်မှာ သူဝယ်လာတဲ့မုန့်တွေကို ကလေးတွေကို ဝေပေးနေလေသည်။

'Cause there we are again on that little town street
You almost ran the red cause you were looking over me
Wind in my hair I was there I remember it all too well '

ဖုန်း ringtone သံကြောင့် ကျွန်တော် contact name ကိုကြည့်လိုက်တော့ ရှယ်လီဖြစ်နေလေသည်။

"ရှယ်လီ...ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေ ဆက်လို့ပါလား"

"လင်းကလည်း ငါအရင်ကလည်း ဆက်ပါတယ်နော်။ အခုက နင့်ကို ဖိတ်စရာရှိလို့"

"ဘာလဲ ငါတို့စားရတော့မယ်ပေါ့"

"ဟီး...အင်း အဲ့တာ နောက်တစ်ပတ် ငါဖိတ်စာတွေ လှမ်းပို့လိုက်မယ်နော် ။ နင့်ဆီပဲ အကုန်ပို့လိုက်မယ်။ နင်ကပဲ တခြားသူတွေကို လိုက်ဖိတ်ပေးပါအုန်းနော်"

"အေးပါ ပြောစရာလိုလို့လား။ သူငယ်ချင်းတွေပဲကိုဟာ"

"ကောင်းလည်းပြန်ရောက်နေပြီမလား"

"အင်း"

"နင်တို့လည်း ဘယ်တော့များမှ စားရမှာလဲ။သတင်းလေးဘာလေး ထူးရင်လည်း ငါ့ကို လက်တို့လိုက်အုန်း ။ ဖိတ်ဖို့လည်း မမေ့နဲ့နော်။"

"နင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ငါတို့က ဘာမှမဆိုင်တော့တာ နင့်ကိုပြည့်ပြည့်မပြောဘူးလား။"

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now