Part 11

924 57 9
                                    

ကျောင်းဖွင့်သော နေ့ရက်တို့တွင် ကျွန်တော်မအားလပ် ။ မကြာမီ စာမေးပွဲဖြေရတော့မည် ဖြစ်သဖြင့် ကျောင်းသူ/ကျောင်းသားများကို စာများ revision ပြန်ပေးနေသလို ၊မေးခွန်းများလည်းထုတ်ရသေးသည်။

တဖက်တွင်လည်း ကောင်းကို မေးခွန်းထုတ်နည်းများ ၊ အမှတ်ဇယားဆွဲနည်းများကို စိတ်ရှည်ရှည်ထားကာ သင်ပေးနေရသေးသည်။

New Yearညက ကိစ္စကို ကျွန်တော်အခဲမကျေသဖြင့် သူ့ကိုရှင်းပြနေရင်း ထိုညအကြောင်း မေးလိုက်မိတော့သည်။

"မင်း New Year ညက ငါ့အခန်းထဲမှာ အိပ်သွားတာဆို"

ကျွန်တော်စကားပြောလိုက်တော့ သူမော့ကြည့်လာသည်။ သူ့မျက်ကွင်းညိုညိုတွေက အိပ်ရေးမဝသေးဟု ပြောနေသယောင်။

"အင်း...မေကြီးအိပ်ခိုင်းလို့လေ ။ ကိုယ်လည်း ငြင်းပါသေးတယ် ။ မေကြီးက အတင်းအိပ်ခိုင်းနေတာနဲ့ ကိုယ်အိပ်လိုက်တာပါ"

"အိပ်ရုံပဲလား...မင်းဘာလုပ်ထားတယ်ဆိုတာကိုရော မေ့ချင်ယောင် ဆောက်နေတာလား"

ကျွန်တော့် ပါးစပ်မှ ရုတ်တရက်ထွက်‌သွားသော စကားတို့ကြောင့် ကောင်းတစ်ယောက် ကျွန်တော့်ကို ပြုံးပြီးကြည့်လာလေသည်။ ထိုအပြုံးသည် လူယုတ်မာ အပြုံးမှန်း ကျွန်တော် သေချာသိလိုက်လေသည်။

"ကိုယ် ဘာလုပ်မိလို့လဲဟင်။  လင်းလေး ဘာဖြစ်လို့လဲ ။"

"တော်ပြီ ဘာမှမဟုတ်တော့ဘူး ။ ခုနက ငါရှင်းပြတာတွေ နားလည်တယ်မလား ။ ငါသွားပြီ"

"နေပါအုန်း လင်းလေးရဲ့။ကိုယ်မေးတာ ဖြေပါအုန်း"

ကျွန်တော့် လက်ကောက်ဝတ်ကို လှမ်းဆွဲလာသူကြောင့် ကျွန်တော့်မှာ ‌ထွက်သွားလို့မရ။

"ဟေ့ကောင် ငါ့လက်ကို ခုချက်ခြင်းလွတ်စမ်း။သူများတွေ မြင်သွားလိမ့်မယ်"

"ဘာတွေ စိုးရိမ်နေတာလဲ လင်းလေး...သူများတွေက ကိုယ်တို့ကို သူငယ်ချင်းတွေလို့ပဲ မြင်မှာပေါ့ ။ မဟုတ်မှလွဲရော လင်းလေးက ဘာတွေတွေးလိုက်တာလဲ"

"ဒီမှာ စိုင်းကောင်းမင်းဝေ ငါပြောနေတုန်း ချက်ခြင်းလွှတ်လိုက်။ နောက်မှ ငါ့အဆိုးမဆိုနဲ့"

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now