Part 20

837 42 8
                                    


၂၀၁၃ခုနှစ်၊ဇန်နဝါရီလ၊၄ရက်

ဆောင်းလေညင်း၏ တသုန်သုန် တိုက်ခတ်မှုကြောင့် ချယ်ရီပင်ပျိုမှ ချယ်ရီပွင့်ဖတ်တို့သည် မြေပြင်ပေါ်သို့ တဖွဲဖွဲကျနေလေသည်။ လမ်းမတ‌လျှောက်သည်လည်း ပန်းနုရောင် ကတ္တီပါခင်းထားသည့်နှယ် ။

လွတ်လပ်ရေးနေ့ တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲ ပိတ်ပွဲကျင်းပသောနေ့ ဖြစ်လေသောကြောင့် မေဂျာပေါင်းစုံမှ အားကစားသမားများအပြင် ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများသည်လည်း ပြိုင်ပွဲ၏နောက်ဆုံးနေ့ကို လာရောက်ကြည့်ရှုကြလေသည်။

ယခင်ရက်များတွင်တော့ တာတို၊တာရှည် အပြေးပြိုင်ပွဲ၊ ခြင်းလုံးခတ်ခြင်း၊ သံလုံးပစ်ခြင်း၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက်ခြင်း စသည့်ပြိုင်ပွဲများကို သူ့နေ့ရက်အလိုက် အသီးသီး ကျင်းပပြီးစီးပြီးခဲ့ပြီ ဖြစ်သည်။ ယနေ့သည် မေဂျာပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဖိုင်နယ်နေ့ ဖြစ်လေသောကြောင့် မေဂျာအသီးသီးမှ ကျောင်းသူ၊ကျောင်းသားတို့သည် တခဲနက် အားပေးဖို့ရန် အဆင်သင့်ဖြစ်နေကြလေသည်။

အင်္ဂလိပ်စာ vs ရူပဗေဒ

E မေဂျာမှ ကျောင်းသားများနှင့် ရူပ မှ ကျောင်းသားတို့၏ ထိပ်တိုက်တွေ့သောနေ့။ ပွဲစဉ်တစ်လျှောက် မကျေနပ်မှုများကို ယနေ့ ထိပ်တိုက်တွေ့ဆုံခြင်းဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သောကြောင့် ကစားသမားတို့မျာလည်း စိတ်လှူပ်ရှားလျက်....။

တတိယနှစ်အင်္ဂလိပ်စာ ကျောင်းသား စိုင်းကောင်းမင်းဝေ သည် ဘောလီဘော လက်ရွေးစင်သမားကောင်း တစ်ယောက်ဖြစ်လေသည်။ သူဆာဗင်ပေးလျှင် ဘောလုံးကို မည်သူမှ ဖမ်း၍မရနိုင်သည်ကတစ်ကြောင်း၊ သူ၏ ခြောက်ပေကျော် အရပ်ဖြင့် ဘောလုံးကိုအားပြင်းစွာ ခုပ်ချလျှင်လည်း ဘောလုံးကို မည်သူမျှ မဖမ်းနိုင်သောကြောင့် သူသည် E မေဂျာ ဘောလီဘောအသင်း၏ အခရာပင်ဖြစ်သည်။

ယနေ့သည် ကောင်း အောင်ပွဲခံမည့်နေ့ဟုပင် ဆို၍ရနိုင်ပေသည်။ ကျွန်တော်လည်း ကောင်း ကိုအားပေးရန် ပြည့်ပြည့်နှင့်အတူ အားပေးစင်သို့ရောက်နေလေသည်။ လက်ထဲတွင်ကား ရေသန့်ဘူးခွံနှစ်ခုကို ကိုင်ထားပြီး မေဂျာအသင်းကို အားပေးဖို့ရန် အဆင်သင့်ဖြစ်နေလေပြီ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now