Part 5

1.3K 63 8
                                    


၂၀၀၄ ခုနှစ် /စက်တင်ဘာလ

ဆဌမတန်းကျောင်းသားလေးများသည် ကာယချိန်တွင် ဘောလုံးကန်ဖို့ရန် အခန်းပြင်သို့ထွက်လာခဲ့ကြသည် ။ ထိုကျောင်းသားများထဲတွင် စိုင်းကောင်းမင်းဝေ လည်းအပါအဝင်ဖြစ်လေသည်။

"လင်း ရေ ဘောလုံးသွားကန်ကြရအောင်။"

"မင်းသွားလေ ငါမလိုက်တော့ဘူး။ငါကဘောလုံးကန်ရတာမှ ဝါသနာမပါတာ။ငါပုံပဲ ဆွဲနေတော့မယ်လေ။"

"အင်းပါ...ငါ့အတွက် ရေဖြည့်ထားပေးအုန်းနော်။ကျောင်းဆင်းရင် ငါမင်းကို မုန့်ဝယ်ကျွေးမယ်နော်။"

"အင်းပါ သွားတော့လေ နောက်ကျနေလိမ့်မယ်။"

ကောင်း ထွက်သွားချိန်တွင် ပြည့်ပြည့် ကျွန်တော့်ခုံနားရောက်လာကာ ကျွန်တော့်ကို ပုံအတင်းဆွဲခိုင်းလေတော့သည်။

"လင်းခန့် ရေ ငါ့ကို စနိုးဝှိုက် ပုံလေးဆွဲပေးပါလား။ "

"ဟင် ငါမအားဘူးဟ။ငါအခု တခြားပုံဆွဲနေတာ။

"ဘာပုံလဲ ပြကြည့်ပါလား။ဟယ် နင်က ဘာလို့ အုပ်လိုက်တာလဲ။ဘယ်သူ့ပုံကြီးလဲ။"

"နင်တော်တော် စပ်စုတာပဲ။ ငါအစက ဆွဲပေးမို့ပဲ။နင်စပ်စုနေရင် မဆွဲပေးတော့ဘူးနော်။"

"အေးပါဟယ်။ ငါမသိချင်တော့ပါဘူး။ပုံလေးတော့ဆွဲပေးပါဟာ ။ မနက်ဖြန်ကျရင် ငါနင့်ကိုမုန့်ဝယ်ကျွေးပါ့မယ် ။"

"နန်းကြီးသုပ်တစ်ပွဲနော်။ရေခဲချောင်းပါ ဝယိကျွေးရမှာ။"

"အေးပါဟယ်။ နင်က‌လည်းဈေးကိုင်ချက်။"

ပြည့်ပြည့်နဲ့ ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာတာ သူငယ်တန်းကတည်းက ။ သူက သူ့နာမည်အတိုင်း ပါးတွေက ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ဝဝတုတ်တုတ်ကောင်မလေး။သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေက သိချင်တာရှိရင် လင်းလက်နေပြီး စာသင်တဲ့အခါ မှေးမှိန်သွားတတ်သေးသည်။ကျွန်တော်က သူ့ရဲ့ပင်တိုင်ပန်းချီဆရာ။သူလိုချင်တဲ့ အရုပ်မပုံတွေကို ကျွန်တော်ကအမြဲဆွဲပေးနေကျ။ပြည့်ပြည့်က ကောင်းနဲ့တော့ သိပ်မရင်းနှီးဘူး။ ပြည့်ပြည့်ပြောတာကတော့ ကောင်းက မာနသိပ်ကြီးတာတဲ့။ ဘယ်သူ့ကိုမှလည်း မရယ်ပြသလို ခပ်တည်တည်နေလို့ အတန်းထဲက မိန်းကလေးတွေရော ၊ အငယ်တန်းက မိန်းကလေးတွေပါ ကောင်းကိုဆို ရှိန်ကြသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now