2

968 51 0
                                    

Unicode

အရိပ်
အပိုင်း(၂)
—————————————————
၂၀၁၆ခုနှစ်
အ.ထ.က(၃) အခြေခံပညာအထက်တန်းကျောင်း

ပထမဆုံးကျောင်းတက်ရက်ရဲ့ မနက်ခင်းဟာ မိုးပွါးမိုးပြေးတို့နဲ့ စိုထိုင်းလို့
နဝမတန်း(က)ဆိုတဲ့ ရင်ဘတ်တံဆိပ်ရယ် ထ(၃)ဆိုတဲ့ ဘက်တံဆိပ်ရယ်
အရာအားလုံးကအသစ် မျက်စိရှေ့က ကျောင်းပတ်ဝန်းကျင်ကလဲအသစ်
၅တန်းကနေ ၈တန်းအထိ ဖခင်ဖြစ်သူ ကျောင်းအုပ်အဖြစ်လုပ်ကိုင်သည့် အလယ်တန်းကျောင်းတွင်
တက်ခဲ့ရသော အာကာ့အဖို့ ၉တန်း ၁၀တန်းကျောင်းပြောင်းရမည်ဆိုတာကို သိထားသည်မို့
ထွေထူးပြီး အထီးကျန်ဆန်မနေ
ပေါင်းသင်းဆက်ဆံရေးမဆိုးလှသူမို့ သိပ်မကြာခင် သူငယ်ချင်းတစ်ယောက်စ နှစ်ယောက်စ ရမည်သာ။

"အဲတာကြောင့် စောထွက်ပါမယ်ပြောတာကို မေမေ့ကြောင့်မိုးစိုပြီ"

နားထဲဝင်လာသည့် အသံခပ်သြသြကြောင့် ကြည့်မိတော့ အတန်းတူဖြစ်ဟန်တူသော ကောင်ကလေး
အရပ်က အာကာထက်မြင့်ပုံရသည်။
၉တန်းရောက်တာတောင် အမေလိုက်ပို့တာမို့ ပြုံးမိသွားသည်။
အမေဖြစ်သူကိုစူပူနေရင်း မိုးပွားများခစားလာသည် ဆံပင်တို့ကို လက်ဖြင့်ဆွဲခါတော့
ပုံမှန်ထက်မသိမသာလေးဆိုရုံသာဝဲကျသွားတဲ့ဆံပင်နက်များ
မျက်ခုံးတန်းတို့ရဲ့အောက်က မျက်ဝန်းတွေ
နှုတ်ခမ်းနီထွေးထွေးနှင့် သူ့အင်္ကျီအဖြူပေါ်က ရေစက်များ
နားထဲကို ဘယ်ကဝင်လာမှန်းမသိတဲ့ သီချင်းသံကပျံလွှင့်လို့

[မိုးရေတွေစိုနေတဲ့ မင်းလေးကို ငါစွဲလမ်းလို့]

၂၀၀၆ ခုနှစ် ၆လပိုင်း ၁ရက်နေ့ ကြာသပတေးရဲ့ မနက်ခင်းဟာ
မိုးရေစက်တွေရယ် မင်းရယ် နဲ့ အရမ်းကိုလှပခဲ့တယ်။
————————————-
၅တန်းထဲက ယခုကျောင်းမှာဘဲတက်နေခဲ့တဲ့ ကျောင်းသားတွေအတွက်
သူငယ်ချင်းကိုယ်စီနဲ့ အတူတူထိုင်ဖြစ်ကြပေမယ့်
အာကာကတော့ ဘယ်မှာထိုင်ရမယ်ဆိုတာကို ဆုံးဖြတ်မရသေး
နောက်တော့ မိုးရေစက်ကလေးရဲ့ နောက်ကျောက ခုံတန်းကိုရွေးဖြစ်ခဲ့တယ်။
မသိမသာငေးရတာလဲ အရသာတစ်မျိုးတဲ့ တက္ကသိုလ်တက်နေတဲ့ အကိုကြီးက ပြောဖူးတယ်။
မိုးရေစက်ကလေးတဲ့ အာကာ တိတ်တခိုးလေးနာမည်ပေးဖြစ်လိုက်သည်။

အရိပ်Where stories live. Discover now