1

2.8K 104 0
                                    

Unicode

အရိပ်
အပိုင်း(၁)

[မိုးရေတွေစိုနေတဲ့ မင်းလေးကို ငါစွဲလမ်းလို့
မင်းအကြည့်နဲ့မင်းအသံလေးကြောင့် ခနလေးအတွင်းကိုငါချစ်မိခဲ့]

နားထဲထိုးထည့်ထားတဲ့နားကြပ်ကနေ လွန်ခဲ့သောဆယ်စုနှစ်ကြာအယ်လ်ဆိုင်းဇီရဲ့သီချင်းသံက ခပ်တိုးတိုး။
တရုတ်ကပ်မှန်ပေါ်ကနေ ဖုန်တစ်ချို့နဲ့ရောနှောပြီးစီးကျသွားတဲ့မိုးရက်စက်တွေက
မူလအရောင်မရှိခြင်းကနေ ညိုညစ်ညစ်
လူတွေရဲ့ စိတ်ဝိဉာဉ်အညစ်အကြေးများကိုလဲ ဤကဲ့သို့ရှင်းလင်းနိုင်ရင် ဘယ်လောက်ကောင်းမလဲဟု
ရူးနှမ်းစွာ သူ ဆုတောင်းကြည့်ချင်သည်။
မိုးစိမ့်စိမ့်မှာ ခပ်နွေးနွေးဖြစ်နေတဲ့ သူခန္ဓာကိုယ်က
လွန်ခဲ့တဲ့မိနစ်ပိုင်းကမှ အလုပ်ပေးထားခဲ့ခြင်းတွေကြောင့်ဖြစ်လိမ့်မယ်ထင်။
တိုက်ခန်းရဲ့မျက်နှာစာအောက်ခြေမှာ ရပ်ထားတဲ့ကားထွက်သွားတဲ့အခါ
သူလိုက်ကာကို ဆွဲပိတ်လိုက်သည်။
တကယ်ပါဘဲ အိမ်ခန်းကနေ တစ်စုံတစ်ယောက်ရဲ့ထွက်ခွာခြင်းကို နှုတ်ဆက်လက်ပြရတာ မုန်းပါတယ်ဆိုမှ။

ရေခဲတုံးလေးများ အဆုံးထိအရည်မပျော်သေးခင် ဖန်ခွက်ထဲဝီစကီလက်ကျန်ကိုတစ်ကျိုက်တည်းမော့လိုက်တော့
လည်ချောင်းမှသည် ဝမ်းဗိုက်အတွင်းတစ်နေရာအထိ ပူခနဲ
ဖန်ခွက်နှုတ်ခမ်းနဲ့ အနည်းငယ်ရိုက်ခတ်မိတော့ နှုတ်ခမ်းထောင့်ကစပ်ဖျင်းဖျင်း

"ဒီလူတွေ မျက်နှာကိုထိုးတဲ့ Customerတွေကိုမလွှတ်ရင်ကောင်းမယ်"

အညစ်အကြေးစွန်းထင်းနေတဲ့ အိပ်ယာခင်းကို သူဆွဲဖယ်ကာ အဝတ်လျှော်မယ့်တောင်းထဲ ပစ်ထည့်လိုက်သည်။
မိုးရွာတာနဲ့ လျှော်တာမခြောက်တာတွေ လျှော်ရမှာတွေ အပုံလိုက်။

"ကျစ်"

တုန်ခါလာတဲ့ဖုန်းကြောင့် သက်မတစ်ချက်ရှိုက်ကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို "
"အင်း ပြီးသွားပြီ ခုဘဲ ပြန်သွားတာ"
"နောက်တစ်ချိန်"
"အင်းဘယ်တော့လဲ"
"တစ်ယောက်တည်းဆို ကိစ္စမရှိပါဘူး"
"အုပ်စုလိုက်ဆိုနောက်နေ့ရွှေ့ပေးပါ"
"ကျွန်တော့ခန္ဓာကိုယ်က ကျောက်နဲ့လုပ်ထားတာမဟုတ်ဘူး!!!"

အရိပ်Where stories live. Discover now