6

711 52 0
                                    

Unicode

အရိပ်
အပိုင်း(၆)
.......................................................
ဆရာကန်တော့ပွဲနှင့် ကျောင်းသားဟောင်းများမိတ်ဆုံစားပွဲ

ဒီနေရာ ဒီအရပ် ဒီသစ်ပင်စိမ်းတွေ
ဒီဆိုင်းဘုတ်
ဒီကျောင်းဆောင်
ဒီသပြေခင်း
ပြီးတော့ လွမ်းမောဖွယ်ရာ ကျောင်းဝင်လမ်းမ

တောင့်တင်းသွားရတဲ့ ခန္ဓာကိုယ်ကို ထိတွေ့မှုကြောင့် အရိပ်အသိပြန်ဝင်လာသည်။

"ဘာရပ်လုပ်နေတာလဲ ဝင်မယ်လေ"

"မဖြစ်ဘူး ကျွန်တော်"

"မင်းမှာ ငါ့ကိုငြင်းဆန်ခွင့်မရှိတာ သိမှာပါနော်"

လည်ကတုံးအဖြူနဲ့ ပုဆိုးနဲ့ သူသပ်ရပ်စွာဝတ်ဆင်ထားတာကို ဘာကြောင့်များလဲဟု အရိပ်မတွေးမိခဲ့။
ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်တော့
ပါးလှပ်သော ရှပ်အဖြူ ရင်ဘတ်ခပ်ဟဟ
ပေါင်တွေစုတ်ဖြဲထားသော ဂျင်းအနက် မြင်နေရသည့်ပေါင်သားမှာက ကိုက်ခံထားရသည့်အရာ စိမ်းညို့လို့

တမင်ရည်ရွယ်ခဲ့တာဘဲကိုး

သတ်မှတ်ထားသည့်နေရာကိုခြေချလိုက်သည်နှင့် အကြည့်များ တီးတိုးစကားသံများသည်
အရိပ်နားထဲအလုအယက်ဝင်ရောက်လာခဲ့သည်။

မလှမ်းမကမ်းက ရင်းနှီးကျွမ်းဝင်တဲ့မျက်နှာနှစ်ခုရဲ့ ဒေါသအရောင်ကိုလဲ အရိပ်မြင်တွေ့ရပါသည်။
ဖေဖေ နဲ့ အကိုကြီး

"သား အာကာ.."

"ဆရာမ"

လာထိုင်ပါလဲမခေါ် မမြင်ချင်ယောင်ဆောင်သွားကြသော ကျောင်းနေဖက်အတန်းဖော်တစ်ချို့
ယခု ခေါ်သံသည် မိမိကိုမှဟုတ်ပါရဲ့လားဟု သံသယအထပ်ထပ်

"ငါ့သား မလာဘူးတောင်ထင်နေတာ
အနားလာပါဦး မျက်လုံးကသိပ်မကောင်းတော့ဘူး သားရဲ့"

လက်ကိုဆွဲကိုင်ကာ ဝမ်းသာအားရ စကားပြောဆိုနေသော အတန်းပိုင်ဆရာမကြီး

"ငါ့သားက စာလေးလဲတော် လူကလဲလိမ်မာ စိတ်ထားလဲကောင်းတာ"

"ကျွန်တော်က.."

"ဘာတွေဘဲဖြစ်နေဖြစ်နေ မင်းက ဆရာမကြီး ချစ်ရတဲ့ တပည့်ဘဲ မပြောင်းလဲဘူး"

အရိပ်Where stories live. Discover now