22(Ending)

1.4K 79 20
                                    

Unicode

အရိပ်
အပိုင်း(၂၂)-ဇာတ်သိမ်း
-------------

ဆရာဝန်ရှိရာအခန်းထဲသို့မဝင်ခင် သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာတာကြောင့်
လက်ချောင်းသွယ်သွယ်များကို သူတစ်ဖန်ပြန်လည် ဆုပ်ကိုင်လိုက်သည်။

"ဘာမှ စိတ်ပူစရာမလိုဘူး ကိုယ်လည်း အတူရှိနေမှာဘဲလေ"

တကယ်တော့ သူကိုယ်တိုင်လည်း စိုးရိမ်ကြောင့်ကြ မှုတွေနဲ့သာ။
ဒါပေမယ့် ရိပ်အတွက် သူက မားမားမတ်မတ်ရပ်တည်ရမည်မဟုတ်လား။

---------------------------------------------
အပြန်လမ်းတစ်လျှောက်လုံးက သူတို့နှစ်ယောက်လုံးတိတ်ဆိတ်နေခဲ့လေသည်။
အလာလမ်းတုန်းကလဲ စိတ်ပူပင်မှုတွေကြောင့် နှုတ်ဆိတ်နေခဲ့ကြပေမယ့်
အခုအခါမှာလဲ တိတ်ဆိတ်နေကြဆဲပင်။

သေချာတာကတော့ အတွေးကိုယ်စီနဲ့ဆိုတာပင်။

"အဝတ်လဲပြီး ခန နားလိုက်ဦး ရိပ် "

တစ်ယောက်အတွက် ကျယ်တယ်ဆိုပေမယ့် နှစ်ယောက်အတူအိပ်ဖို့ မဖြစ်နိုင်တဲ့ ကုတင်လေးက
ထွေထွေထူးထူးပြင်ဆင်မှု ဘာမှ မရှိ။
ယောကျာ်းလေးတစ်ယောက် နေအိမ်ဖြစ်သည့်အားလျော်စွာ ရိပ်ရဲ့ အိပ်ခန်းလေးသည် ပရိဘောဂများလဲ
ရှိမနေပါ။

တီရှပ်ခပ်နွမ်းနွမ်းတစ်ထည်နှင့် ဘောင်းဘီပွပွတစ်ထည်က ရိပ်ရဲ့ ပိန်ရှည်ရှည် ခန္ဓာကိုယ်ပေါ်
နေရာယူထားလေသည်။

အနည်းငယ် ဖြူဖျော့သည့်နှုတ်ခမ်းများကို သူနမ်းရှိုက်ချင်ပေမယ့် အချိန်ကောင်းမဟုတ်တာကြောင့်
အပြုံးတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။

"မင်း ငါ့ကို နမ်းချင် နမ်းလို့ရပါတယ်"

ကုတင်ပေါ်ထိုင်နေရင်းက ကြမ်းပြင်ပေါ်အကြည့်တွေ စုပို့ထားသည့် ရိပ်ဆီက စကားသံ။

ခေါင်းလိမ်းဆီမကူသည့် ခပ်ဖွာဖွာ ဆံပင်များကို သူကစားတော့ တဖြည်းဖြည်းချင်းမော့ကြည့်လာလေသည်။

"ငါ က ရူးသွားပြီတဲ့လား
ဒါမှမဟုတ် ကြာရင် ရူးသွားမှာတဲ့လား"

ရင်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သလို မေးခွန်းက
ဆေးရုံမှာ ဖြစ်စဉ်ကို ကြားခဲ့ရစဉ်ကဲ့သို့ပင်။

အရိပ်Hikayelerin yaşadığı yer. Şimdi keşfedin