Unicode
အရိပ်
အပိုင်း(၇)ခပ်နွေးနွေးအထိအတွေ့က နဖူးပေါ်ခံစားမိတော့
မှိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်ကြည့်ရမှာ
စိုးထိတ်မိပါရဲ့
အိပ်မက်တွေတောင်မလှတော့တာ ကြာခဲ့ပြီမို့
ဒီနွေးထွေးတဲ့အထိအတွေ့က
အိပ်မက်ထဲက အိပ်မက်လေလား"နိုးလာပြီလား မင်းအဖျားတွေဝင်နေတာ"
နှိုင်းထက်မာန်?
နဖူးပြင်ပေါ်ကိုထပ်မံကျရောက်လာတဲ့
ရေနွေးဝတ်နွေးနွေး
တကယ်ဘဲအိပ်မက်လား"ငါ သေမလိုထိုးကြိတ်တုန်းကတော့ မင်းက ဟန်တောင်မပျက်ဘဲ
ဟိုကောင် တစ်ချက်ကန်တာ တန်းဖျားသွားရောလား"အိပ်မက်ဖြစ်ပုံမပေါ်တော့ သူထထိုင်ဖို့ကြိုးစားရသည်။
"မင်း တစ်ခုခုစားချင်လား""ဟင်"
အမြဲမျက်မှောင်ကျုတ်ကာ အထက်စီးက ကြည့်တတ်တဲ့ နှိုင်းထက်မာန်က
တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားနေရတယ်"အဟမ်း ငါဗိုက်ဆာလို့ မှာမလို့ မင်းအတွက်ပါ ထည့်မှာရမလားမေးတာ"
"ရပါတယ် ကျွန်တော် "
စကားမဆုံးခင် ဝင်လာတဲ့ဖုန်းသံကြောင့် နှိုင်းထက်မာန် မျက်လုံးတွေက ထုံးစံလိုပြန်ပြောင်းလဲသွားတယ်
"ကိုင်လိုက်"
အမိန့်သံလို စကားကြောင့် ရော
ဖုန်းscreen ပေါ်မြင်နေရတဲ့ နံပါတ်ကြောင့်ပါ
အရိပ် အမြန်ဘဲ ဖုန်းကိုင်လိုက်မိတယ်"ကျွန်တော်နေမကောင်းလို့ ဒီနေ့တော့ နားခွင့်ပေးပါ"
"ဒါဆိုလဲအချိန်လေး နည်းနည်းခြားပေးပါလားဗျာ
ကျွန်တော်...ကျွန်တော် ဘာမှမစားရသေးလို့ပါ"ဝမ်းနည်းလာတဲ့ စိတ်
အရှုံးပေး ထွက်ပြေးလာချင်မိတဲ့စိတ်တွေက
စကားဆက်ပြောဖို့ ခက်ခဲလာစေတယ်
လက်ထဲက ဖုန်းက ဆတ်ခနဲဆွဲလုခံလိုက်ရတဲ့နောက်
မျက်ရည်စတွေကြားကဘဲ ထိုလူသားကို မော့ကြည့်မိရသည်။"နေအရိပ်ကို ငါဘဲငှားမယ်
မင်းတို့တောင်းသလောက်ပေးမယ်
ပါးစပ်ပိတ်ပြီး သူ့ဆီဖုန်းထပ်မဆက်နဲ့
ငါ့ဆီဘဲဆက် "
![](https://img.wattpad.com/cover/298570173-288-k642219.jpg)
YOU ARE READING
အရိပ်
Fanfictionစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...