Unicode
အရိပ်
အပိုင်း(၁၈)
-----------------
ငရဲဆိုတာ တစ်ခါကျပြီးရင် လွတ်မြောက်နိုင်ခြင်း အလျင်းမရှိတာကို
အရိပ် ဘာလို့များ မေ့လျော့နေခဲ့မိပါလိမ့်။လွန်ခဲ့သော လတွေထဲက ရက်တစ်ရက်
"ကျွန်တော် တစ်ယောက်ထက်ပို မဆက်ဆံနိုင်ဘူး ပြောထားတာလေ"
အ
ဆံပင်တွေကို အနောက်ကနေ ဆွဲဆုပ်ကိုင်လိုက်တာကြောင့်
အရိပ်မျက်နှာမှာ နာကြင်မှုတွေစွန်းထင်းသွားခဲ့ရသည်။"မင်းမှာ ရွေးချယ်ခွင့်ရှိတယ်ထင်လား ကောင်လေး
ငါတို့ ငွေလက်ခံပြီးသွားပြီ
မင်းသာ မင်းတာဝန်မင်းကျေဖို့ဘဲလိုတော့တယ်"အထွန့်တက်ခွင့်မရှိသည်ကြောင့် အရိပ်ဟာ ချိန်းဆိုရာ နေရာသို့
စီစဉ်ပေးထားသည့် ကားဖြင့် ရောက်ရှိလာခဲ့ရသည်။
ကားပေါ်တက်ကတည်းက အရိပ်မျက်လုံးများကို အဝတ်စားတစ်ခုဖြင့် စည်းနှောင်ခြင်းခံရသည်ကြောင့်
ရောက်ရှိနေသည့်နေရာ အတိအကျကို အရိပ်မသိရ။
ကားပေါ်ဆင်းတည်းက ဧည့်ဝတ်ကောင်တာကိုဖြတ်ကျော်ရခြင်း
ဓာတ်လှေကားစီးရခြင်းမရှိသည်ကြောင့်
ဟိုတယ်တစ်ခု ဖြစ်ဟန်မတူသည်ကို ဘဲ သတိထားမိခဲ့သည်။အဖွဲ့လိုက်ဆိုတာရယ်
အကောင်ကြီးကြီးထဲက လူတွေဆိုတာရယ်
ဖြစ်သမျှကိစ္စကို အရိပ်ခေါင်းထဲက အပြီးတိုင်မေ့ပစ်ရမည်ဆိုတာကိုသာ ကြိုတင်အသိပေးခံခဲ့ရသည်။အဲနေ့က အရိပ်အတွက် နေ့တာရှည်သော နေ့တစ်နေ့ဖြစ်ခဲ့ရသည်။
ဘယ်နှစ်ကြိမ်ခန့် သတိလစ်မေ့မျောသွားသည်မမှတ်မိ
သတိရလာတိုင်း သိရသည်က
အရိပ်မလိုချင်သော အထိအတွေ့များသာ
မှောင်မိုက်နေသည့်အပြင် လက်တို့ကို တုပ်နှောင်ထားသည်ကြောင့်
ထိတ်လန့်ခြင်းဖြင့် အရာအားလုံးကို ရင်ဆိုင်ခဲ့ရသည်။အာရုံထဲ အကြောက်တရားက အလုအယက်ထိုးဖောက်ဝင်နေစဉ်မှာဘဲ
လက်ရှိ အနေအထားက အရိပ်ကို ပို၍ ခြောက်လှန့်နေခဲ့ပြီ။"ဘယ်လိုလဲ မှတ်မိသွားပြီလား ကောင်ကလေး"
"ဦး ဦးလေးက"
အနားကို တဖြည်းဖြည်းတိုးကပ်လာသော ဦးဇော်မင်းထူးကြောင့်အရိပ်သည်လဲ အနောက်ကို
တစ်ချက်ချင်းဆုတ်ခွာနေရာက နောက်ဆုံး အရိပ်ကျောနဲ့ အခန်းနံရံကပ်သွားသည်အထိ။
YOU ARE READING
အရိပ်
Fanfictionစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...