4

714 52 1
                                    

Unicode

အရိပ်
(၄)
——————————-
ဖုန်းထဲဝင်လာတဲ့ messageကိုကြည့်တော့ အရိပ်မျက်ခုံးများပင့်တက်သွားရသည်။
5 Starsအဆင့်ရှိတဲ့ဟိုတယ်မှာချိန်းဆိုတယ်ဆိုတဲ့ customerကဘယ်လောက်ပိုက်ဆံရှိပါလိမ့်နော်။
ဒီတစ်ခါ အရိပ်ကို ဘယ်လောက်တန်ကြေးဖြတ်သွားပါလိမ့်
အချိန်ကိုကြည့်တော့ ၂၄နာရီ ။

၂၄နာရီ တစ်ရက်လုံးလုံး ဘယ်လိုအင်အားနဲ့
ငြင်းဆန်ဖို့ အခွင့်အရေးမရှိတဲ့ဘဝမှာ အရိပ် ဘာတတ်နိုင်မည်လဲ။

၂၄နာရီမကလို့ တစ်လလုံးဆိုလဲ အရိပ်ရသည့်ငွေကြေးပမာဏက အနည်းငယ်သာ
ပိုက်ဆံပေးနေသည်ကိုပင် ကျေးဇူးတင်ရမည်။
အရိပ် သီချင်းမှမဆိုရတော့တာဘဲလေ။
သီချင်းတွေကိုနှစ်သက်တဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ အရိပ်က သာမန်KTVတစ်ခုမှာတောင် မဆိုဝံ့တော့။

တက္ကစီပေါ်ရောက်တိုင်း တွေ့တဲ့ ဂျာနယ် သတင်းစာကောက်ယူဖတ်တတ်တဲ့ အရိပ်က
ထုံးစံအတိုင်း သတင်းစာကိုကောက်ကိုင်လိုက်တယ်။

'သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း'

လွန်ခဲ့တဲ့ လအချို့ကပင် ဤနေရာမှာ အရိပ်နာမည်ရှိခဲ့ဖူးသည်။
နိုင်အာကာ (ခ) နေအရိပ် ဆိုတဲ့ နာမည်
အငြိမ်းစားကျောင်းအုပ်ကြီးတစ်ယောက်ရဲ့သားက ဒီလိုအလုပ်တွေလုပ်ကိုင်နေတာကို ကြည်ဖြူမည်တဲ့လား။
အရိပ်ပြုံးမိရပြန်သည်။

အရိပ်တွင် ကောင်းခြင်း ဆိုးခြင်းတိုင်ပင်စရာ မိဘ မရှိ
မောင်နှမမရှိ
သူငယ်ချင်းမရှိ
မည်သူမျှမရှိတော့
အရိပ်တွင် အရိပ်သည်သာ ရှိလေတော့သည်။
...............................
"Mr.နှိုင်း အခန်းပါ "
ဦးထုပ် ဆောင်းကာ MASKပါအုပ်ထားတဲ့သူ့ကို ကောင်တာက အကဲခတ်မပြတ်
"နာမည်တစ်ချက်လောက်ပြောပါ"
"နေအရိပ်"
"ဟုတ်ကဲ့ ဒီဘက်က ဝန်ထမ်းကလမ်းညွှန်ပေးပါလိမ့်မယ် Mr.နှိုင်း စောင့်နေပါတယ်"

ရင်းနှီးကျွမ်းဝင်စပြုနေတဲ့အကြည့်တွေကို အရိပ်ဘာမှမဖြစ်သလို ကျော်ခွလာနိုင်ခဲ့ပြီ
အရှက်တရားမာနဆိုတာ အရိပ်နှင့်မသက်ဆိုင်တော့ပြီမဟုတ်လား။

ဒေါက် ဒေါက်

"ဝင်ခဲ့"

ဟိုတယ်ဝန်ထမ်းပေးလိုက်တဲ့ကဒ်နဲ့ အရိပ်အခန်းထဲဝင်လာခဲ့သည်။
တစ်လွှာလုံးမှာ တစ်ခန်းဘဲရှိတဲ့ ဒီနေရာ
အရိပ်ကြားဖူးသည့် ဟိုတယ်ပိုင်ရှင်ရဲ့ နေအိမ်ဆိုတာ
ဒီဟိုတယ်ကြီးမှာ အပေါ်ဆုံးနှစ်ခန်းက သူ့အိမ်ဆိုတာလေ

အရိပ်Where stories live. Discover now