Unicode
----------
အရိပ်
အပိုင်း(၁၇)
---------------------------------မိသားစု စုံညီထမင်းဝိုင်းလေးဟာ အတော်ကြည်နူးဖို့ကောင်းပါသည်။
ယမုံတို့အဖေ ပြန်ရောက်လာသည်နောက်လည်း အရိပ်အတွက်
နေရခက်ခြင်းမရှိရအောင် ပြောဆိုဆက်ဆံသည်မို့
ထွေထူးပြောင်းလဲမှုမရှိ။အစ်ကိုထူးမောင်က ချောင်းသာ သွားမည်ဆိုသောအခါ
အရိပ်ကိုပါ ခေါ်သွားချင်ခဲ့သော်လည်း
အမေ က အရိပ်လမ်းသေချာမလျှောက်နိုင်သေးတာကို စိတ်ပူနေတာရော
အရိပ်ကိုယ်တိုင်ကလည်း မလိုက်ချင်တာကြောင့် ငြင်းဆန်လိုက်သည်။အစ်ကိုထူးမောင်မရှိတော့ ယမုံနှင့်တစီစီ ရန်ဖြစ်သံလည်းအတော်ချုပ်ငြိမ်းသွားလေသည်။
ရန်ဖြစ်ဖော် အစ်ကိုမရှိတော့ ယမုံတစ်ယောက် အရိပ်ဆီ ပိုပြီးဓာတ်ကျလာလေသည်။
ဂိမ်းကူဆော့ပါဦး
ရုပ်ရှင်ကူကြည့်ပါဦး အစရှိသဖြင့်တကယ်လဲ အရိပ်ထက် ငါးနှစ်မျှငယ်တာမို့ ညီမငယ်လေးတစ်ယောက်လို အရိပ်က အလိုလိုက်ဆက်ဆံသည်။
အမေကတော့ မင်းညီမ အလိုလိုက်လေ ဆိုးလေဘဲ ဆူစရာရှိဆူ ဟုဆိုသော်ငြား
အရိပ်မလုပ်ဝံ့ပါဘယ်လိုဘဲ မိမိကို အသက်သခင်တစ်ယောက်လို သတ်မှတ်ထားပါစေ
အရိပ်လုပ်ရပ် ကအဲလောက်မကြီးကျယ်ပေ
အခုလို အိမ်ပေါ်တင်ဆေးကုပေးထားရုံမက
လိုလေးသေးမရှိ ထားတာနဲ့တင် အရိပ်က ပြန်ကျေးဇူးတင်နေရပြီ
တကယ်သာဆို လျော်ကြေးငွေလောက်နဲ့တင် ပြီးသွားနိုင်တာမျိုးမဟုတ်လားမိသားစု ဆိုသည့် စကားလုံးနှင့်ကင်းကွာနေသော အရိပ်အဖို့ အခုလို
နွေးထွေးသည့် ရိပ်မြုံလေးရနေတာကိုပင် တန်ဖိုးမဖြတ်နိုင်။မနက်စောစော ဘုရားထရှိခိုးတတ်သည့် အမေ့အတွက် ခြံထဲက စိုက်ပျိုးထားသည့် ပန်းပင်များထဲက
တစ်မျိုးမျိုးကို အမြဲဦးဦးဖျားဖျားပြင်ဆင်ပေးရသည်မှာ အရိပ်အတွက် အလေ့အကျင့်လေးတစ်ခုဖြစ်လာခဲ့သည်။
အမေဘုရားရှိခိုးပြီးသည်နှင့် အရိပ်ပါ ဘုရားဝတ်ပြုကာ
ဆွမ်းလောင်းရန်ပြင်ဆင်နေသည့် မီးဖိုခန်းသို့ တောက်တိုမယ်ရ ကူညီဖို့ ဝင်တတ်သည်။
အမေရော ထမင်းချက်ဒေါ်လေးကပါ အစက တားခဲ့ကြပေမယ့်
အရိပ်ကို နောက်ပိုင်း လွှတ်ထားလိုက်ကြလေသည်။
ВЫ ЧИТАЕТЕ
အရိပ်
Фанфикစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...