10

713 70 4
                                    

Unicode

အရိပ်
အပိုင်း(၁၀)
---------------------------
မျက်နှာချင်းဆုံလာရသည်မို့ ခြေလှမ်းများကို ရပ်တံ့ပစ်ကာ
ရှေ့တည့်တည့် လူကို မျက်နှာချင်းဆိုင်လိုက်သည်။

"မတွေ့တာ အတော်ကြာပြီဘဲ လင်းသူရိန်"

"တွေ့စရာလဲ အကြောင်းမှ မရှိတာ"

"မင်းရဲ့ ဆက်ဆံရေးပြေပြစ်မှုကတော့ ကျောင်းတုန်းကအတိုင်းပါဘဲလား"

"အဲအချိန်က ကိစ္စတွေပါ မှတ်မိနေသေးတယ်ဆို
ရင်တော့
မထင်မှတ်ဘဲ မင်းကဉာဏ်ကောင်းတယ်လို့ လက်ခံပေးလိုက်ပါ့မယ်"

"ကျောင်းတုန်းကလို မင်းအရှုပ်တွေကို
ကူရှင်းပေးမယ့် နိုုင်အာကာ အော် နေအရိပ်ကတော့
မင်းဘေးမှာ ရှိနေမှာ မဟုတ်တော့ဘူးနော်"

"မင်းပိုက်ဆံပေးလို ့မင်းနဲ့တစ်ညလောက်
လာအိပ်ပေးတဲ့ကောင်ကို
ငါက လိုအပ်နေသေးတယ်လို့ မင်းထင်လို့လား"

"အော် ဟုတ်လား ဒါဆိုလည်း နေအရိပ်အိမ်ကို ဝင်ထွက်မနေနဲ့လေကွယ
ပိုင်ရှင်မရှိဘဲ ဝင်ထွက်နေတာကြ မြင်ရမကောင်းဘူးလေ"

"ပြီးတော့ ပိုင်ရှင်ကလဲ ပြန်လာတော့မှာ
မဟုတ်တော့ဘူးဆိုတာ
မင်းသိအောင် ပြောချင်ရုံပါ"

တောက်

အလင်းတစ်ယောက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။
အရိပ် မင်း အဲကောင်နဲ့ အတူနေနေတာပေါ့လေ

                  ဒီလိုသာ ကြာကြာဆိုရင်
             ငါတကယ်တိုးလို့ ချစ်မိသွားနိုင်ရဲ့

ဗလာစာအုပ်ပေါ်က လက်ရေးဝိုင်းများက မျက်စိရှေ့မှာပေါ်လို့လာခဲ့လေသည်။
အဲခွေးကောင် နှိုင်းထက်မာန် ကို ရည်ရွယ်တာလို့တော့ ငါ့ကိုမပြောနဲ့နော်
နေအရိပ်
.......................................................

ဖုန်းမြည်သံကြောင့် အရိပ်တစ်ယောက် ဖတ်လတ်စ စာအုပ်ကို ချကာ ဖုန်းကိုကောက်ကိုင်လိုက်ရ
လေသည်။
ပေါ်နေသည့်နံပါတ်ကြောင့် အသံရှုသံများ
ရပ်တံ့မတတ်

အရိပ်ကို အပြီးတိုင် ဝယ်ယူလိုက်ပြီဟု
မာန်ပြောသည့်နေ့မှစကာ
ဒီနံပါတ်က အရိပ်ဆီ ဖုန်းခေါ်ဆိုခြင်းမပြုသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
အခု ဘာလို့ပါလိမ့်

အရိပ်Where stories live. Discover now