20

710 51 5
                                    

Unicode

အရိပ်
အပိုင်း(၂၀)
--------------------
ကားလမ်းမကြီးထက် ရောက်သည်ဆိုရင်ဘဲ အနည်းငယ် ရှင်းလင်းနေသည့် လမ်းကြောကြောင့်
ယမုံ စိတ်အေးသွားရသည်။
အပြန်လဲ အခုလိုဘဲ ရှင်းနေပါစေဟု တိတ်တဆိတ်ဆုတောင်းလိုက်မိသည်။
စိတ်ထဲ အနည်းငယ် ထင့်နေသဖြင့် တတ်နိုင်သမျှကို အမြန်ဆုံးပြန်ချင်နေမိသည်။

"ကားပြန်လှည့်လိုက်"

"ဟင် ဘာကျန်ခဲ့လိုလဲမေမေ"

အိမ်ကနေထွက်လာသည်မှာ မိနစ်၂ဝမျှသာရှိသေးသည့်အကွာအဝေးတစ်ခုပေမယ့်
တအားဝေးလွန်းသည်တော့မဟုတ်။

နောက်ကြည့်မှန်ကနေတစ်ဆင့် မြင်နေရသည့် မေမေ့မျက်နှာက
ပုံမှန်နှင့်မတူ အနည်းငယ်အေးစက်နေခဲ့သည်။

"ပြန်လှည့်လိုက်"

"မေမေ... မဟုတ်မှလွဲရော"

ယမုံဆီက စကားသံကို မကြားသည့်အလား လမ်းမဘက်ကို အကြည့်ပို့ထားလေသည်။

စိုးထိတ်လွန်းသည့် ရင်အစုံက ဘာမှ မဖြစ်ဖို့ကိုသာ ထပ်ခါထပ်ခါ တောင်းဆုခြွေနေမိတော့သည်။
----------------------------------------------
အရိပ် အဆင့်သင့်ဖြစ်သွားသော ကျောပိုးအိတ်အဟောင်းလေးကို ကျစ်နေအောင်ပိုက်ထားလိုက်သည်။
ယမုံစီစဉ်ထားသလို ညဘက်မှ ထွက်ခွာချင်ပေမယ့်
အခုလို အိမ်မှာ မည်သူမျှမရှိတော့သည့်အနေအထားမှာ ထွက်ခွာရတာ ပိုအဆင်ပြေလေသည်။

သူ့အခန်းကို အနည်းငယ် ရှင်းလင်းလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်မိသည်။
တစ်လတာမျှ ခုံလှုံခွင့်ရခဲ့ပေသည်။ နွေးထွေးသော အမေ့မေတ္တာ၊ မောင်နှမ သံယောဇဉ်တွေပါ သူပိုင်ဆိုင်ခဲ့ရသည်။
တိုတောင်းပေမယ့် သူ့အတွက် ရှေ့ဆက်အသက်ရှင်ချင်စိတ်ကို ရရှိစေခဲ့တာအမှန်ပင်။

ဦးဇော်မင်းထူး ပြန်မလာခင်အထိတော့ သူ အသက်ရှင်ရတာ အဓိပ္ပါယ်ရှိလာခဲ့သည်။ သို့သော် ယခုမှာတော့

ဟင်
ရုတ်တရက် ကားစက်သံကြောင့် အရိပ်တစ်ကိုယ်လုံးတုန်ယင်သွားသည်။
ယမုံပြန်ရောက်လာတာများလား
အကွာအဝေးကလဲ မဝေးသလို
အမြန်ပြန်လာမည်ဟုလည်း ပြောသွားသည်ဆိုပေမယ့် အခုလောက်မြန်ရသည်လား

အရိပ်Donde viven las historias. Descúbrelo ahora