11

620 66 8
                                    

Unicode

အရိပ်
အပိုင်း(၁၁)
--------------------
မရောက်တာကြာပြီဖြစ်တဲ့ အခန်းဟာ ရှုပ်ပွနေတာကလွဲရင် ထူးခြားမပြောင်းလဲ
ကြမ်းပြင်ပေါ်ကျနေသည့် ဓာတ်ပုံတွေကြောင့်
သူမရှိတုန်း အလင်းလာသွားကြောင်း
သိသာစေသည်။

နံရံကပ် မှန်ပြင်တင်း ခပ်နောက်နောက်ကနေ
ထိုးဝင်နေတဲ့လမ်းမီးရောင်က
အရိပ်ရဲ့မျက်နှာမှာ ဖြာကျနေလေသည်။

ခြောက်ခြားချင်စရာကောင်းအောင်
အရိပ်ခံစားချက်များကင်းမဲ့နေလေသည်။
ထွေထူးပြီး ခံစားနေစရာဘာမှမရှိသလို
နှလုံးသားဟာ ဗလာအတိ။

သဘောကောင်းလွန်းသည့် အိမ်ရှင်အဖိုးကြောင့် ဒီအခန်းလေးဟာ
အရိပ်ခိုလှုံရာ တစ်ခုတည်းသော နေရာလေးမို့
ပစ်စလတ်ခတ်မလုပ်ရက်ပါ

ပင်ပန်းကာ နုံးချိနေပမယ့် အရိပ်မနားဖြစ်
အခန်းကို ရှင်းလင်းဖို့ ပြင်ဆင်လိုက်သည်။

မလိုအပ်တာတွေလွှတ်ပစ်ရမည်
ဟုတ်တယ် မလိုအပ်တာတွေ

ဂစ်တာအိုရယ်
အမြတ်တနိုးစုဆောင်းထားတဲ့ ပတ်ထရမ်ပြားတွေ
သီချင်းစာအုပ်တွေ
စီဒီခွေတစ်ချို့

နောက်ပြီး ကြမ်းပေါ်ကျနေတဲ့ ဓာတ်ပုံတစ်ချို့

မဖွင့်တာကြာတဲ့ TVက ဖွင့်လိုက်တာနဲ့
အသစ်စက်စက် အကယ်ဒမီဆု ပိုင်ရှင်
လင်းသူရိန်ရဲ့ ကြေငြာတစ်ခု လာနေလေသည်။

အလင်း

နှစ်တော်တော်ကြာ ချစ်မြတ်နိုးခဲ့ရသည့် အချစ်ဦးမို့ အရိပ်လုပ်လက်စတွေ ရပ်တံ့ကာ
ခဏငေးကြည့်နေမိသည်။

သို့သော် နှလုံးသားသည် မတုံ့ပြန်လေတော့။
လုံလောက်ခဲ့ပြီ

လုံလောက်သည်ခဲ့ကို ပိုခဲ့လေပြီ
ထွေထူးကာ ခံစားစရာဘာကိုမျှ မလိုအပ်တော့။

ပန်းကန် ခွက် အကုန် နှစ်ခုစီ ရှိနေတဲ့
မီးဖိုးချောင်ကို ဝင်ကာ
တစ်ခုစီသာ ချန်ထားလိုက်သည်
အပိုတွေက အကုန် အမှိုက်အိတ်ထဲ။

မကြာခင်မှာ လည်း ကျန်တဲ့တစ်စုံကိုလည်း
လွှတ်ပစ်ဖို့ အချိန်ရောက်လာနိုင်လိမ့်မည်။

အရိပ်Where stories live. Discover now