14

686 77 10
                                    

ပိတ်ရက်ကို မတင်ဖြစ်ဖို့များလို့
ကြိုးစားပေးလိုက်ပါတယ်နော်
ပျော်ရွှင်စရာပိတ်ရက်လေးဖြစ်ပါစေ

Unicode

အရိပ်
အပိုင်း(၁၄)
----------------

မိတ်ကပ်ပြင်ဆင်ခန်းမှာ မော်ဒယ်များနဲ့
မိတ်ကပ်အသင်း အလုပ်များလို့နေလေသည်။

"ဟယ် ယမုံ လာတယ်"

"ငါ့သူငယ်ချင်းလေး ပွဲကိုလာရမှာပေါ့
ပြီးတော့ မိန်းကလေးတွေကို လက်သရမ်းတဲ့ သူတွေလဲရှိနိုင်တာဆိုတော့ သတိပေးဖို့လာတာလေ"

"ဟယ် ယမုံကလဲ"

အဖြစ်အပျက်တွေကို သိနေကြတဲ့ အသိုင်းအဝိုင်းမို့
အရိပ် အသာဘဲ ထောင့်တစ်နေရာ
ပြောင်းနေလိုက်သည်။
ပုလဲအဖြူရောင်ရှပ်အင်္ကျီကို လဲလယ်ထားပြီး
ဘောင်းဘီ အနက်ရောင်ကလဲ ပေါ့ပေါ့ပါးပါးမို့
ပထမဆုံးဝတ်စုံက အတော်အဆင်ပြေသည်ပြောရမည်

မိတ်ကပ်လိမ်းဖို့သာကျန်သည်မို့ အရိပ်စောင့်နေပေမယ့်
အရိပ်ဆီ မည်သူမျှရောက်မလာခဲ့။

မော်ဒယ်အသစ်လေး ရွှန်းက သူငယ်ချင်းဖြစ်သူစကားကြောင့် အရိပ်ကို အားနာသလိုကြည့်လေသည်။
ကိစ္စမရှိ အရိပ်အတွက် အသားကျနေသောအရာများသာ

သဘောကောင်းပုံပေါ်သည့် ရွှန်းဆိုတဲ့ ကလေးမကို အရိပ်က အနည်းငယ် ပြုံးပြလိုက်သည်။

ပွဲတာဝန်ခံ မန်နေဂျာဆိုသူက ရောက်ရှိလာပြီး လိုအပ်သည်များကို အပေါ်ယံဆရာလုပ်လေတော့သည်။

"နေအရိပ် မိတ်ကပ် မပြီးသေးဘူးလား လုပ်ကြဦး"

"ဘယ်သူမှ လက်မအားသေးဘူး  ပစ္စည်းကူဘဲကျန်တယ်"

ခပ်တင်းတင်းဆိုသော မိတ်ကပ်ခေါင်းဆောင်က
မန်နေဂျာလုပ်သူထွက်သွားတဲ့နောက်မှာတော့ မကြားတကြားဆိုလာလေသည်။

"ဘယ်သူက အဲလိုကောင်ကို လိမ်းပေးမှာလဲ
ကျုပ်တော့မလိမ်းပေးနိုင်ဘူး"

အရိပ်သဘောပေါက်နားလည်စွာပင် ပစ္စည်းကိုင်ဆိုသော
ခပ်ငယ်ငယ်ကောင်လေးကို အနားခေါ်လိုက်သည်။

"ဟုတ် အစ်ကို"

ခပ်ရွံ့ရွံ့ဖြင့် အနားကပ်လာသော ကောင်လေးက အသက်ပင်ပြည့်ဦးမည်မထင်
"အစ်ကို့ကို ပစ္စည်းလေးနည်းနည်းငှားပါလား

အရိပ်Where stories live. Discover now