Unicode
အရိပ်
အပိုင်း(၈)ဆန်ပြုတ်တစ်ပန်းကန်ကို ကုန်အောင် စားဖို့ ခဲယဉ်းနေသည့် မျက်စိရှေ့က လူသား
ဒဏ်ရာအရှိန်ကြောင့် ဖူးယောင်နေကာ လှုပ်ရှားလိုက်တိုင်းနာကြင်နေပုံပေါ်သည်။
"ကျွန်တော် ဆက်မစားနိုင်တော့ဘူး တောင်းပန်ပါတယ်""ငါ ဆရာဝန်ခေါ်ထားတယ် သူမလာခင် ပြန်အိပ်နေလိုက် "
"ကျွန်တော် မအိပ်ချင်ဘူး"
သူစိုက်ကြည့်တော့ ထုံးစံအတိုင်း မျက်နှာလွှဲသွားပြန်သည်။
"မအိပ်ချင်လဲ ငါတို့ TVကြည့်ရင်းစောင့်ကြတာပေါ့"
TVမှာဖွင့်ထားတဲ့ ဇာတ်လမ်းက ဘာဖြစ်နေလဲ
ဘာဖြစ်သွားလဲ သူမသိတော့
ဆိုဖာပေါ်ထိုင်နေရာက ရုတ်တရက်တိုက်ခိုက်လာတဲ့
အပူချိန် ခပ်ပြင်းပြင်း နဲ့ သူ့ရဲ့အနမ်းတွေ"မင်း ငါ့ကို စိန်ခေါ်နေတာလား နေအရိပ်"
အနမ်းတွေကို အတင်းရပ်ရင်း အုပ်ကျနေတဲ့ သူ့ဆံပင်တွေကို လှန်တင်ကာ မေးတော့
ရီဝေနေသည့် မျက်လုံးများရယ်
အဖျားရှိန်နှင့်နီရဲနေသည့် မျက်နှာဟာ ကိုယ့်ကို ရေငတ်လာစေသည်။"မင်း ကတော့ နောင်တရတော့မယ်"
အဝတ်တွေ ကိုယ်စီ ကင်းကွာသွားတဲ့ နောက် အနမ်းပြင်းပြင်းတွေဟာ
နှစ်ချို့ ၀ိုင်အရက်ကဲ့သို့။
———————————"မင်း ငါ့သူငယ်ချင်း ကို ဘယ်လိုဖျားယောင်းလိုက်တာလဲ"
"ဟင် ဘာကိုဆိုလိုတာလဲ"
"မင်းကို သိပ်မုန်းတဲ့ကောင် က အခုလို မင်းကို ခေါ်ပြီး ပြုစုထားတာလေ
မထူးဆန်းဘူးလား
အော် မင်းအတွက်တော့ ဘယ်ထူးဆန်းမလဲ
ဒါ မင်းလုပ်နေကြ ပုံစံတွေ မဟုတ်လား"အရိပ် ပေါင်ပေါ်တင်ထားသည့် လက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ဒီထက်ပို၍လည်း ဘာမှ လုပ်နိုင်သည်မဟုတ်။
ယခုလို အပြော
မဟုတ်ဘူး ဒီထက်ဆိုးတဲ့ အပြောအဆိုတွေတောင် ရင်ဆိုင်လာခဲ့ပြီးပြီဘဲ
ဘာကိုမှ ထွေထူး နာကြင်ခံစားနေဖို့မလိုတော့ဘူးလေ။

ВЫ ЧИТАЕТЕ
အရိပ်
Фанфикစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...