ပေါ့သလားလို့ မေးတာကို
မပေါ့ကြဘူးဆိုလို့ ဝမ်းသာအားတက်မိပါတယ်
ကျေးဇူးတင်ပါတယ်ကွယ်Unicode
အရိပ်
အပိုင်း(၁၃)
----------------
ပိတ်ရက်တစ်ရက်ရဲ့ ရန်ကုန်မြို့ပြဟာ
ကားတန်းတွေ လူတွေ
စီကားသိုက်မြိုက်လို့
အရိပ် စီးလာတဲ့ အငှားကားလေးဟာလေးဟာလဲ
ကားတန်းတွေကြား ရသလို တိုးဝင်ရင်
ရည်ရွယ်ရာ အရပ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ရှိလို့လာတယ်အဲယားကွန်းပါတဲ့ ကားကြောင့် အရိပ် ဝတ်ဆင်ထားတဲ့ ချည်ရှပ်အပါးလေးအတွက်
လုံလောက်သည်ထက်ပိုမိုကာ အေးစက်နေခဲ့သည်။ကိစ္စမရှိ အဲထက်ရောက်ရင် ပူလောင်တဲ့ကြားထဲက အဝတ်တွေအထပ်ထပ်
ဟုတ်သည်
ဒီနေ့က နေအရိပ်ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးလုပ်မည့်အလုပ်တစ်ခု
နာမည်ကြီး လူငယ် ဒီဇိုင်နာ ဂျွန်နီရဲ့ မင်္ဂလာဆောင် အနောက်တိုင်းဝတ်စုံ ခင်းကျင်းပြမည့်ပွဲ
တက်သစ် မော်ဒယ်လေးတွေကိုသာ ရွေးချယ်သုံးထားပြီး
နေအရိပ်ကိုတော့ ဒီဇိုင်နာ ဂျွန်နီကိုယ်တိုင်
လက်ရေးစာနဲ့ ဖိတ်စာပို့ ကမ်းလှမ်းခဲ့တာမို့
အံ့သြသည့်စိတ်နဲ့ဘဲ နောက်ဆုံးအနေနဲ့
လက်ခံခဲ့ခြင်းဖြစ်သည်။ဖိတ်ကြားထားသည်က နာမည်ကြီး သရုပ်ဆောင်၊အဆိုတော်နှင့် မော်ဒယ်များဖြစ်တာကြောင့်
အားပေးသည့် ပရိသတ်များကလဲ အုံကြွနေခဲ့သည်။
နေရာထိုင်ခင်းကို ကို စနစ်တကျစီစဉ်ထားတာ
ကြောင့် ပရိတ်သတ်များက
မိမိနှစ်သက်သော အနုပညာရှင်များကိုလည်း
မြင်နိုင်သလို
စင်မြင့်ပေါ်က လျှောက်လမ်းမော်ဒယ်များကိုလည်း မြင်နိုင်မည်ဖြစ်သည်။ဒီတစ်ခါပြမည့် အဝတ်အစားတွေကလဲ
သာမာန်လူတန်းစားပါ ဝယ်ယူနိုင်သည့်
အနေအထားတစ်ခုဖြစ်သည်မို့
စိတ်ဝင်စားစရာပင်ဖြစ်သည်။Red carpet ပုံစံ ပွဲအဝင် ဓာတ်ပုံရိုက်သည့်
နေရာလေးလဲ ရှိတာကြောင့်
မီဒီယာတွေအတွက်လည်း
အတော်အဆင်ပြေလေသည်။လူအုံကြွနေသည်မို့ နာမည်ကြီးတစ်စုံတစ်ယောက်
ဖြစ်မည်ဆိုတာ ကို ခန့်မှန်းလိုက်ရင်း
အရိပ်က ခနရပ်စောင့်နေလိုက်လေသည်။
ВЫ ЧИТАЕТЕ
အရိပ်
Фанфикစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...