***ဖတ်ရတာ ပေါ့သွားရင်လဲ ပြောကြပါဦး
ဇာတ်ကတော့ သိမ်းတော့မှာပါ****
Unicodeအရိပ်
အပိုင်း(၁၉)
----------------------
လေယာဉ်ပြတင်းမှတစ်ဆင့်မြင်နေရသည့် အဖြူပြင်ကိုငေးကြည့်ရင်
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းကို နှိုင်းထက်မာန် ချမိသည်။Operation ခန်းထဲကထွက်လာပြီး မေ့ဆေးပြယ်သတိရလာချိန်မှာ
Eddyရဲ့ပြောကြားမှုကြောင့်
ရိပ်ဆီက ဖုန်းခေါ်ဆိုမှုရှိခဲ့ကြောင်းသိရသည်။သူတောက်လျှောက်ဖုန်းဆက်သွယ်မရခဲ့သော ရိပ်က ဖုန်းဆက်တယ်ဆိုတော့
ပျော်ရွှင်မှုနှင့်အတူ
တစ်ခုုုခုဖြစ်နေခဲ့လို့လား ဆိုသည့် စိုးရိမ်မှုက ကပ်ပါလာသည့်နောက်
သူ ဆေးရုံပေါ်ကအလောတကြီးဆင်းခဲ့လေသည်။သေးငယ်တဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် အသက်အန္တရာယ်အထိမဖြစ်ပေမယ့် ၂ရက်ထဲနဲ့ ဆေးရုံကဆင်းပြီး
လေယာဉ်စီး ပြည်တော်ပြန်သည်ကို သူ့အတွက် အတော်တော့အထိနာလေသည်။အသားချုပ်ရိုးဖြစ်ပေမယ့် အရေပြားဖောက်ကို ကိုယ်တွင်းကလိစာဖြတ်တောက်ထားသည်က
တော်ရုံနာကြင်မှုတော့မဟုတ်Business Classက ခုံဖြစ်တာကြောင့် သက်တောင့်သက်သာ သူနားနေလို့ရပေမယ့်
စိတ်ကတော့ ဘယ်လိုမှ မအေးချမ်းနိုင်ခဲ့။
အလုပ်ပြီးတာနှင့် အပြေးပြန်ချင်ခဲ့ပေမယ့်
မအိပ်မနေ အလုပ်ဖိအားပေးခံရမှုတွေက သူ့ကို လဲကျသွားစေခဲ့သည်။သူ ဒီထက်ပိုသန်မာမှသာ ရိပ်ကို ကာကွယ်ပေးနိုုင်မည်ဖြစ်သည်။
"ကိုယ့်ကို ခနလေးဘဲ စောင့်နော် ရိပ်"
နာရီအနည်းငယ်မျှသာကြာသော ခရီးစဉ်သည်
ှနှစ်ပေါင်းများစွာကဲ့သို့ပင်............။
-------------------------------------------------
"အမေ ဒီလောက်သတိပေးနေရက်သားနဲ့"ခြေထောက်က ညိုပုပ်နေသည့် ဒဏ်ရာကြောင့်
ဒေါ်ကလျာ ပြန်ပြန်လာချင်းပင် အရိပ်ကို ဂရုဏာဒေါသဖြင့် ဆူပူတော့သည်။ပုံမှန်မဟုတ်သည့် အိမ်တွင်းလေထုက အေးစက်စက်။
ယမုံကတော့ စိတ်ချရသည့် ကားတစ်စီးကိုအဆင့်သင့်ပြင်ထားပြီးပြီဖြစ်၍
မနက်ဖြန်ညရောက်သည်နှင့် အရိပ်ဒီအိမ်မှ ထွက်ခွာနိုင်ပြီဖြစ်သည်။
YOU ARE READING
အရိပ်
Fanfictionစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...