3

682 48 1
                                    

Unicode

အရိပ်
အပိုင်း-၃
-------------------
"ငါ ဒီနေ့ ပုလဲကိုဖွင့်ပြောလိုက်တော့မယ် အရိပ်
စာမေးပွဲပြီးအောင် စောင့်နေခဲ့ရတာ
အဲလိုကြီး မကြည့်ပါနဲ့ကွာ
ငါ့ခံစားချက်တွေ သေချာချင်လို့ မင်းကို မတိုင်ပင်သေးတာပါ"

"မင်း ငါ့ကိုအသိပေးတာမဟုတ်လား အလင်း တိုင်ပင်နေတာမှမဟုတ်တာ"

"မင်းကလေ ငါတိုင်ပင်ရင်ကော ငါ့သဘော ဘဲပြောမယ့်ကောင်ဟာ"

*မင်းသဘောပါလို့ ငါပြောတတ်တဲ့အရာတွေဟာ မင်းနဲ့ငါ့ကြားက အစိတ်အပိုင်းလေးတွေဘဲလေ အလင်း
ခုလဲ ငါ့အသည်းကွဲရဖို့ မင်းသဘောပါဘဲ အလင်းရယ်*

————————————
၂၀၁၃ခုနှစ်
အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့ကိုယ်စီရကြတဲ့နောက်

အလင်းကလဲ မော်ဒယ်ပေါက်စဘဝကနေ ကြော်ငြာလေးတွေစရိုက်လာရပြီ
အရိပ်ကိုယ်တိုင်လဲ စီးရီးတစ်ခွေကို ခြစ်ကုတ်ထုတ်ခဲ့ပြီးပြီဖြစ်သည်။

စိတ်ကူးယဉ်သလို အောင်မြင််မှုက မလွယ်ကူခဲ့ပေမယ့် ဝါသနာနဲ့ အလုပ်တွေကြားထဲ နစ်မြုပ်ရင်း
အလင်းကို ရှောင်နေခဲ့မိသည်။

"အရိပ် မင်းငါ့ကိုရှောင်နေတယ် မင်းအိမ်ခွဲနေတာလဲ ငါ့ကိုမပြောဘူး
ငါ မနေ့က မင်းအိမ်သွားမှ သိရတယ် ဘာသဘောလဲ ဒါ"

"ငါညပွဲတွေဆိုရင် အိမ်ပြန်နောက်ကျတာ အဖေမကြိုက်ဘူး အလင်း ဒါကြောင့် ငါအိမ်ခွဲနေတာ
မင်းကိုလည်းရှောင်တာမဟုတ်ဘူး
မင်းလဲ ပုလဲတစ်ဖက် အလုပ်တစ်ဖက်နဲ့ အလုပ်ရှုပ်နေချိန်မှာ
ငါကပါ ထပ်မနှောင့်ယှက်ချင်လို့"

"ငါ မင်းနဲ့ လာနေမယ် အရိပ်"

"ဟေ"

ငါပြောပါတယ်
ဒီထက်ပိုတဲ့ အနေနီးစပ်မှုက ငါ့ကို ရုန်းထွက်မရအောင် ချည်နှောင်လိမ့်မယ်ဆိုတာလေ

*ဟုတ်တယ် အလင်း ငါမင်းကို ပိုပြီးချစ်မိနေပြီ*

————————

"အရိပ်ရယ် ငါပင်ပန်းလိုက်တာကွာ ပုလဲနဲ့လဲပြတ်ပြီ
ကားကြီးရိုက်ဖို့ ယာထားခံရပေမယ့် ငါနဲ့အပြိုင်လူရှိနေတော့ ငါပါနိုင်ပါ့မလားကွာ"

အရိပ်Where stories live. Discover now