မနေနိုင်လို့ ရေးပြီး သိမ်းထားတဲ့ လက်ကျန်လေး လာတင်ပေးလိုက်ပြီ
တို့စာမရေးတာကြာတော့ အားမရဖြစ်နေတယ်
ဖတ်တဲ့သူတွေရော အဲလိုခံစားရလားဟင်
ပေါ့နေကြလားUnicode
အရိပ်
အပိုင်း(၁၂)
---------------
ရွှေအိုရောင် မီးလုံးသေးသေးလေးတွေသာ ချိတ်ဆွဲထားသည့် စားသောက်ဆိုင်ငယ်က
ထိုင်ခုံအရေအတွက် နည်းပါးပေမယ့် လူအပြည့်ပင်သောကြာနေ့ညပေမို့ လူလတ်ပိုင်း အမျိုးသားငယ်များ ဝိုင်းဖွဲ့နေကြသည်ကများလေသည်။
ဆိုင်လေးရဲ့ အတွင်းပိုင်းအထဲအကျဆုံးမှာ
ဂီတဝိုင်းအသေးလေး တည်ရှိနေပြီး
ဖျော်ဖြေမယ့်သူရှိသည့်ညတွေမှာ သီချင်းသံလေးသာသာယာယာနဲ့ အေးအေးဆေးဆေးဖြတ်သန်း
နိုင်လေသည်။တစ်ချိန်က အချိန်ပိုင်းအနေဖြင့် လာလုပ်ဖူးသည့် ဆိုင်လေးကို အရိပ် လာလည်ရုံသာ
အရိပ်သည် ဘယ်လိုလူဖြစ်ဖြစ် အရိပ်၏ ဂီတ တစ်ခုသာ ဦးတည်ဆက်ဆံသော ဆိုင်ပိုင်ရှင်ကြောင့်
တစ်ခါတော့ ပြန်လာလည်ချင်မိခဲ့သည်
ကြောင့်ဖြစ်သည်။"မင်း လာတုန်း နည်းနည်းလောက်
မဆိုပေးချင်ဘူးလား""ကျွန်တော် ဂစ်တာ မတီးတော့ဘူး"
"အကြောင်းပြချက် ငါမသိပေမယ့်
မင်းအတွက်ဆိုတဲ့ အကြောင်းပြချက်ကလွဲရင်
ဘာအတွက်ကြောင့်မှ မင်းမြတ်နိုးရာကို စွန့်လွှတ်စရာမလိုဘူး နေအရိပ်"လက်ထဲရောက်လာသည့် ဂစ်တာလေးက
မသစ်လွန်း မဟောင်းလွန်း
တန်ဖိုးသိသူက မြတ်နိုးစွာကိုင်တွယ်၍ထင် စင်းရာ စိုးစိမျှတောင်ရှိမနေခဲ့အသက်ကို ဝဝရှုသွင်းကာ
တုပ်လှုပ်နေတဲ့ လက်တွေကို ဖြေလျော့လိုက်သည်ငါ ကျော်ဖြတ်ရမယ်
စင်ဟုမဆိုသာသော ပုံမှန်ထက် ၁လက်မလောက်သာမြင့်သော နေရာက ခုံလေးပေါ်အရိပ်ထိုင်တော့
လူတော်တော်များများ အာရုံက အရိပ်ဆီရောက်လာသည်။လက်ရှိ မော်ဒယ်လေးနဲ့ကိစ္စ မရှင်းသေးတာကြောင့် သေချာသည် အရိပ်ကို မသိတဲ့သူ ရှားပေလိမ့်မည်
ဆိုင်ထဲမှာတော့ ပြသနာရှာခံရမည်မဟုတ်တာ သေချာသည်မို့
အရိပ် လက်တွေက ဂစ်တာကြိုးလေးတွေ စတင်ညှိလိုက်သည်။
YOU ARE READING
အရိပ်
Fanfictionစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...