unicode
အရိပ်
အပိုင်း(၂၁)
---------------
ရှည်လျားတဲ့ ခြေတံများနှင့်မလိုက်မဖက်
ဆိုဖာပေါ်တွင် အိပ်နေရသည်မို့ နှိုင်းထက်မာန် တစ်ယောက် ကောင်းမွန်စွာ အိပ်ပျော်ခြင်းမရှိပေ။
ယခင်နေ့တွေက တစ်ခုတည်းသော ကုတင်ပေါ်တွင် အိပ်စက်ခဲ့သော်ငြား
ယခုအခါ ပိုင်ရှင်က အနားအကပ်မခံ
တစ်နည်းပြောရရင် နှင်တောင်ထုတ်နေပေသေးသည်။
သူကသာ ကပ်သပ်ပြီး မပြန်ဘဲ ပေတေနေခြင်းသာ။
ပြင်ဆင်ထားသော အိမ်ဆိုသော နေရပ်သည်
ရိပ်နှင့်အတူနေရန် ဖန်တီးထားခြင်းဖြစ်တာကြောင့်
ရိပ်မလိုက်ရင် အဓိပ္ပါယ်မရှိ။
ညီဝမ်းကွဲတစ်ယောက်၏ အကူအညီဖြင့် ရန်ကုန်က သူ့အလုပ်များ အတော်အသင့်အဆင်ပြေလေတာကြောင့်
သူ့အတွက် အခွင့်သာလေသယောင်
ရိပ် အနားကနေ တစ်ဖဝါးမှ ခွာစရာမလိုပေ။
နိုးတဝက်အိပ်တဝက်ဖြင့် ကိုယ်ပေါ်က စောင်အပါးကို ကန်ထုတ်လိုက်ရသည်။
ရိပ်၏အိမ်တွင် အဲယားကွန်းမရှိသဖြင့် ယခုလို နွေရာသီက အတော်ခံရပေသည်။
ရိပ်တစ်ယောက်ကော အိပ်နိုင်ရဲ့လားမသိ
စိုးရိမ်စိတ်တစ်ဝက်
အိပ်ပျော်နေမည့် မျက်နှာကို မြင်ချင်သည်က ရာခိုင်နှုန်းခပ်များများဖြင့်
ဂျက်မရှိသည့် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
မှန်ကပ်ခပ်နောက်နောက်ကြောင့်
လသာ ညဖြစ်သော်ငြား အခန်းတွင်းထိ ထင်ထင်ရှားရှား အလင်းရောင်ထိုးဖောက်မဝင်နေခဲ့
သို့သော် အခန်းတွင်းရှိ လူကိုမြင်ရဖို့တော့လုံလောက်လေသည်။
"ရိပ် အိပ်မပျော်လို့လား"
ကုတင်ထောင့်တွင် ကုတ်ကပ်ထိုင်နေသည်ကို မြင်ရတာကြောင့်

أنت تقرأ
အရိပ်
أدب الهواةစိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသဖြင့် အသက်မပြည့်သော ကလေးငယ်များ စိတ်မချမ်းမြေ့စရာဖြစ်ရပ်များအတွက် ခံနိုင်ရည်မရှိသူများ ၀င်မဖတ်ဖို့ တောင်းဆိုပါရစေ။ LGBT လိင်တူဇာတ်လမ်းဖြစ်တာကြောင့် လက်မခံနိုင်သူများလည်း ၀င်မဖတ်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ စ...