5

721 52 0
                                    

Unicode

အရိပ်
အပိုင်း(၅)

အခန်းထဲဝင်လာတဲ့ခြေသံတစ်ချို့နဲ့ ပစ္စည်းရွှေ့သံတို့ကိုကြားရလေလေ မလုံခြုံတဲ့ကိုယ်ကို ပိုလို့ကျုံ့ကွေးထားမိတယ်။
ရေဆာလိုက်တာ
ခြောက်ကပ်နေတဲ့လည်ချောင်းက နာကြင်မှုဒဏ်ကြောင့်အော်ထားရသည့်အတွက်အခြေအနေမကောင်း
အနီးတစ်ဝိုက်ကို မျက်စိဝေ့ကြည့်တော့ ကျောပေးရပ်နေသည့် ယူနီဖောင်းဝတ်လူနားကခုံမှာ တစ်ဝက်လောက်ကျန်သေးသည့်ရေသန့်တစ်ဘူး
ရှိသမျှအားနဲ့ ရေသန်ဘူးကိုဆွဲယူလေတော့
"ဘာလုပ်တာလဲ "
ရုတ်တရက်လှည့်လာတဲ့လူရဲ့ ဘောင်းဘီခါးပတ်ကိုဆွဲလျက်သား

"မဟုတ်ဘူး ရေ..."

တိုးလျှလျှစကားကအဆုံးမသတ်နိုင်ခဲ့
ဝမ်းဗိုက်ပေါ်ရောက်ရှိလာတဲ့ နာကြင်မှုက မခံမရပ်နိုင်စွာ

"မင်းက တကယ်အထန်ကောင်ပါလား နေအရိပ်"

>>မဟုတ်ဘူး ငါတကယ် ရေလေးဘဲသောက်ချင်ခဲ့တာ<<

ရွံစရာသတ္တဝါတစ်ကောင်လိုအကြည့်ခံနေရမှုမှာ အရိပ်က ဘာကိုမရှင်းပြလိုတော့
ထပ်ပြီးနာကြင်မှုတွေမလိုချင်ရင် ပါးစပ်ပိတ်နေ အသံတိတ်နေ ဒါက ဘဝကသူ့ကိုပေးတဲ့သင်္ခန်းစာဘဲလေ
ကြမ်းပေါ်ကျနေတဲ့ရေစက်လေးတွေကိုသာ မသိမသာ ထိတွေ့ဖို့ ကြံစည်မိသည်။

နွေးထွေးမှုဆိုတာ ဘာမှန်းမသိတော့ ရုတ်တရက်ကြင်နာစွာထိတွေ့မှုကို သူအံ့အားသင့်နေမိခဲ့သည်။
နှုတ်ခမ်းနားကပ်လာသည့် ရေသန့်ဘူးနှုတ်ခမ်းဝကိုသာအာရုံစိုက်အငမ်းမရသောက်နေမိသည်။

"ဒီအစ်ကိုက ရေသန့်ဘူးကိုလှမ်းယူတာပါ ကျော်စွာရာ ငါမြင်လိုက်တယ်
အစ်ကို ဖြေးဖြေးသောက်"

သူခေါင်းညိတ်ပြလိုက်မိလားမသိ
ဒီလို နွေးထွေးတဲ့အပြုံးကို မမြင်ရတာကြာပြီဘဲ

"ကျေးဇူး.."

နောက်ဆုံးအသိက နွေးထွေးတဲ့လက်တစ်စုံကြား သူအိပ်မောကျခဲ့မိသည်ထင်။
ဒါတောင် အိပ်မက်ထဲ အလင်းက ကျောခိုင်းနေခဲ့သည်တဲ့
ဘုရားက ငါ့ကိုဘယ်လိုတောင်မျက်နှာသာမပေးတာလဲကွယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"မင်းဘဲ သူ့နဲ့ရန်ငြိုးရှိလို့ လက်စားချေချင်ပါတယ်ဆို
ခု သူနဲ့လဲ အိပ်တယ်
ခုကျ ငါ့ကိုလာခေါ်ပြီး ဆေးထည့်ခိုင်းရအောင် မင်းရူးနေလား နှိုင်းထက်"

အရိပ်Where stories live. Discover now