16

698 69 29
                                    

Unicode

အရိပ်
အပိုင်း(၁၆)
------------------------------
"ဘယ်လိုလဲ သား  မိသားစုဆီ ဖုန်းဆက်သွယ်လို့ရလား"

ထူးမောင်ဆိုတဲ့ လူငယ်လေးက မိခင်လုပ်သူကို ခေါင်းခါပြလိုက်သည်။

"သူ့ဖုန်းနဲ့ခေါ်တာ မကိုင်လို့ သားဖုန်းနဲ့ ခေါ်ကြည့်တာ
ကိုင်ပေမယ့် နာမည်ကြားတာနဲ့ ပြန်ချသွားတယ် မေမေ

သား ကြားရသလောက်တော့"

မိခင်ဖြစ်သူ ဒေါ်ကလျာထွေးက အသာပင် ခေါင်းညိတ်ပြလိုက်သည်။

"သားတို့မောင်နှမကို မေမေဒီတစ်ခါ သိပ်စိတ်ပျက်တယ်
ကိုယ့်အတွက် လစ်လျူရှုလိုက်ရင် မဆုတ်ယုတ်တဲ့ ကိစ္စတွေဆို
လစ်လျူရှုလိုက်ရင် ဘယ်လောက်အေးချမ်းလဲ
ကိုယ့်အတွက် ဘာမှမဟုတ်ဘူးဆိုပေမယ့်
တစ်ဖက်လူအတွက် ဘယ်လိုများနစ်နာမှုတွေရှိလာလဲ ဆိုတာ
ခု မျက်မြင်ကိုယ်တွေ့ဘဲ မဟုတ်လား"

"သား မှားသွားပါတယ် မေမေ"

"မင်းညီမလေးရော"

"သူအခု အင်တာဗျူးတွေဖြေပြီး အတိအလင်းတောင်းပန်နေတယ်"

"အေး အကုန်ရှင်းရှင်းလင်းလင်းလုပ်ကြ"

လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ နေအရိပ်ဆိုသည့် လူငယ်လေးကို ကြည့်ကာ
သက်ပြင်းမော ကိုချမိရတော့သည်။

ဘယ်လိုဖြစ်ပါစေ
ကိုယ့်ဝမ်းနဲ့လွယ်တဲ့ သားသမီးကို ခုလိုချိန်မှာ ပစ်မထားသင့်ပါဘူးလေ

အသက်နဲ့ရင်းရတဲ့ ထိခိုက်မှုမျိုးမရှိလိုက်ပေးမယ်
အကွဲစတစ်ခုကနေ ခြေချင်းဝတ်က အကြောကို ဖြတ်ချပစ်လိုက်တာကြောင့်
လမ်းလျှောက်ဖို့ လတ်တလော အခက်အခဲ ရှိနိုင်သည့်အခြေအနေ။

အကောင်းဆုံးကုသမှုတွေနဲ့ ကုသမယ်ဆိုရင်တောင်
အချိန်အားဖြင့်  နှစ်ဝက်ခန့်ကြာမြှင့်ပေဦးမည်။

ဒီကလေး နဲ့ အကြောင်းကို အနည်းငယ် စုံစမ်းကြည့်ရုံနဲ့
ကုသဖို့ ခက်ခဲမည်မှာ အမှန်ပင်
ဆေးကုသစရိတ်ထုတ်ပေးမယ်ဆိုရင်တောင် ခြေထောက်မထောက်နိုင်တဲ့ တစ်ယောက်တည်းသမားကို ဘယ်လိုလုပ်ကြမလဲ

အရိပ်Where stories live. Discover now