Part - 1 ( U) (Z)

30.1K 1.2K 43
                                    

ဆောင်းရာသီမို့ မနက်၆နာရီကျော်ကျော်လောက်အထိ မိုးကမလင်းတလင်းအချိန်။

လူတစ်ချို့ကတော့ အိပ်ယာထဲမှာ ကွေးနေအုံးမှာပဲ၊တစ်ချို့သော သူတွေကတော့ ဘဝအတွက် ရုန်းကန်ဖို့ အလုပ်လုပ်နေကြရပီ။ မှူးတို့ ထမင်းဆိုင်လေး အပါအဝင်ပေါ့။မနက်ဆို အသုပ်စုံ ရောင်းပြီး ညနေအထိ တစ်နေကုန်ထမင်းဟင်းရောင်းတဲ့ ဆိုင်လေးပေါ့ ။

အမေတစ်ခုသားတစ်ခုဘဝမှာ အရမ်းလဲ မချမ်းသာသလိုဆင်းလဲဆင်းရဲမနေဘူး၊အလယ်အလတ် မိသားစုပေါ့ ဗျာ။

အိမ်နဲ့တွဲရက်ဖွင့်ထားတဲ့ဆိုင်လေးဖြစ်ပြီး အမေက နှုတ်လဲချိုစေတနာလဲပိုတော့ ဇီးကုန်းမြို့လေးမှာ ဒေါ်ချို ထမင်းဆိုင်ဆိုတာ နာမည်ရတယ်ပေါ့။ အသုပ်စုံလဲရောင်းတာကြောင့် မနက်ဆိုလေးနာရီခွဲလောက်ကထဲက အမေရယ်၊ဆိုင်မှာကူလုပ်ဖို့ ခေါ်ထားတဲ့ အစ်မ ဝမ်းကွဲရယ်က အိပ်ယာထတယ်၊ ကျွန်တော်ကတော့ အိပ်ရေးမက်တာကြောင့် ၆နာရီလောက်မှ အိပ်ယာထတာ များတယ်...။

ရွာဘက် စျေးသွားရောင်းကြရတဲ့ တောစျေးသည်တွေက မနက်စောစော ငါးနာရီခွဲလောက်စပီး စျေးဝယ်ကြတယ်ပေါ့။ကျွန်တော်တို့ အသုပ်တွေကိုလဲ ဖောက်သည်ဝယ်ကြတယ်။ အမေနဲ့အစ်မ က ဒိုင်ခံအသုတ်ထုတ်ပေးတယ်။ ကျွန်တော်ကတော့ စာရင်းကိုင်ပေါ့၊တစ်နေ့လုံးမှာ ခုလို မနက်ခင်းက အလုပ်ရှုပ်ဆုံးပါပဲ....။

'' မှူးးရေ...အစ်မကို စာရင်းပေါင်းပေးပါအုံး၊ ဒေါ်ညို ရယ် မနေ့က ဘယ်လောက် ကျန်တာလဲ ကြည့်ပေးအုံး၊ခုက အသုပ် ၁၀ ထုပ် ထုပ်တယ်...မှူးလေး..''

အစ်မ လှမ်းပြောတာနဲ့ မှူးလဲ အတွေးစတို့ ပျက်သွားသည်။ စာရင်း စာအုပ်ဖွင့်ပီး ဒေါ်ညို နာမည်ကို သူ ရှာလိုက်သည်.။

'' အစ်မရေ...အရင်နေ့က ၂ ထောင်ပေးဖို့ ကျန်တာ အစ်မ...ခု ယူတာနဲ့ဆို ၅ ထောင် ဘယ်လောက်ပေးခဲ့မလဲ....ဒေါ်လေးညို...''

မှူး မေးလိုက်တော့ သနပ်ခါးပါးကွက်ကြားအကြီးကြီးလိမ်းထားပီး ဆံထုံးထုံးထားတဲ့ ခပ်ဝဝအသားညိုညို ဒေါ်လေးညိုက ကွမ်းတံတွေး ထွေးလိုက်ပြီး ပြန်ဖြေလာသည် ။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now