Part 20 (Z)

3.7K 113 0
                                    

  '' သားကြီး  နှစ်ရက်နားလိုက်တော့ အခြေနေ ကောင်းလား..''

'' ဟုတ်တယ် နင့်ကို ခုမှပဲ မေးရတော့တယ်...နင့်ယောက်ျား စရောက်ခါစကဆို လက်မှာလဲ ပတ်တီးကြီးနဲ့ ဒေါသထွက်သလိုပုံ ဖြစ်နေတာမို့ ငါ့မှာ စကားတွေတောင် ထစ်ချင်တယ်....ရဝေ ဆိုတဲအကောင်က မမိုက်တာပါဟယ်..ပိုင်သူထက် ဆိုတာရောပဲ  ''

'' ဟုတ်တယ် ဟာ...ငါ့မှာ အဲ့ပုံတွေ မြင်တုန်းကဆို သူ များ ငါ့ကို မယုံကြည်တော့ပဲ စိတ်ကွက်သွားမလားလို့...စိတ်မကွက်သွားတာတော့ ဝမ်းသာပါတယ်.. ဒါမဲ့ မသက်သာဘူး အပြစ်ပေးခံရတာ..ဟူးး..''

ခါးလေး နှိပ်ပြီး ပြောလာသော မှူးကြောင့် အကြီးကောင်နဲ့ အငယ်မ အော်ရယ်ပါလေရော ။ ဟုတ်တယ်လေ...အပြစ်ပေးခံရပြီး နောက်နေ့.. ကိုယ်နွေးလာပြီး ကိုက်ခဲနေလို့ ဆရာဝန်တောင် ခေါ်ပြရတဲ့အထိ။ ဆရာက နောက် ခုလောက်မကြမ်းဖို့ မှာသွားသေးသည်။ တော်သေးတာပေါ့... အခန်းထဲ မှူးတို့နှစ်ယောက်နဲ့ ဆရာဝန်သာရှိပေလို့ပေါ့။ အလိုက်မသိပဲ အမြွှာနှစ်ယောက် ပါ အခန်းထဲ ဝင်လာခဲ့ရင် မရှိတဲ့အရှက်လေး ပျိုကှဲသှားမှာ အသေချာပဲ။ အဘိုးနဲ့အဘွား  မေးလာတော့ ရေချိုးတာ အအေးပတ်သွားတာဟု လိမ်ပြောရသေးသည်။

ကျူရှင်လဲ ခုနေ့မှ တတ်နိုင်ခြင်းပင်။ အမြွှာနှစ်ယောက် အကုန်သင်ပြီးသွားရင်လဲ မှူးမသင်ရသေးတာကိုပါ လိုက်နားထောင်ခိုင်းမည်ဟု တွေးထားသည်။ အမောင် နေသော်ကတော့ တကယ် မြို့ကိုမပြန်ပါ။ မှူးနဲ့မှ အတူပြန်မှာဖြစ်သည်မို့  မှူးကတော့ အရမ်းပျော်သည်။ မောင်နဲ့ မခွဲရတော့ လွမ်းစရာမလိုတော့ဘူးဖြစ်သည်။ ခုညနေ မောင်နဲ့ လျှောက်လည်ဖို့ ...ပြောထားသည်။  အမြွှာနှစ်ယောက် လိုက်ချင်လိုက်မလိုက်ချင်နေ...ကို့ယောက်ျားရှိသည်မို့ မှူးတို့ကတော့ ချေချေပဲ...ဟီးးး ။

'' ဟိုကောင် ဆရာရောက်လာပြီ သွားကြီးဖြီးမနေနဲ့တော့...paper 3 စာမျက်နှာ ၃၅က အပုဒ်သင်မှာတဲ့....''

အကြီးကောင် သတိပေးလာသည်မို့ စာမျက်နှာ ၃၅ကျို မြန်မြန်လှန်လိုက်သည်။ ဆရာရှင်းပြသမျှ မသိသည်က များသည်မို့ ခဲတံနဲ့ လိုက်မှတ်ထားတဲ့ ပဲပင်ပေါက်လက်ရေးတွေက တပုဒ်လုံးအပြည့်။ အဝေးက ကြည့်ရင် တကယ့်ပဲပင်ပေါက်တွေနဲ့ ဆင်တူသည်အထိ မှူးတို့က လက်ရေးလှပါသည်...ဟီးး ။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Tempat cerita menjadi hidup. Temukan sekarang