'' အေ့....baby... ယောကျ်ားကို လှည့်မကြည့်ဘူးပေါ့..''
အမူးသမား နေသော်ကြီးကို စကားပြန်မပြောပဲ ကျောပေးကာ တစောင်းလှဲအိပ်နေလိုက်သည်။ အကြီးကောင်နဲ့ ထွန်းသစ်စ လက်ထပ်သော နေ့မို့ မှူးတို့ ပြည်ကို ရောက်နေခြင်း ဖြစ်သည်။ နှင်းသီးလေးက သုံးနှစ်သားဖြစ်နေပြီ ဖြစ်သည်။ သူ့ဘိုးဘိုးနဲ့ဘွားဘွားက သူတို့မြေးကို ထားခဲ့ဖို့ ပြောလာသည်ကြောင့် သားသားက
မြို့မှာ ကျန်ခဲ့သည်။ ဒါကို အခွင့်ကောင်း ယူပြီး နေသော်ကြီးက ကြွက်တွင်းလို မတရားသောက်နေသည်။ အကြီးကောင်တို့ မင်္ဂလာဆောင်တာ မသိရင် သူနဲ့မှူး ပွဲလိုလို ။ မှူးကြ နဲနဲသောက်ခိုင်းပြီး အိမ်ပေါ် တတ်ခိုင်းနေသည်။မှူးဘေးနားတွင် ဝင်လှဲလာပြီး လည်ပင်းကြား ခေါင်းအပ်ကာ တကိုယ်လုံးကို ခွဖက်ထားလာသူကြောင့် သူ့ကိုယ်လုံးကြီးကို အတင်းဖယ်ခွာလိုက်သော်လည်း မှူးကိုယ်ပေါ်ကနေ မရွေ့ ။
'' အင့်..ဖယ်စမ်း နေသော်ကြီး..အရက်သမား မူးနေရင် ကိုယ့်ဘာသာ အိပ် ''
'' ရွတ်စ်..မွှေးလိုက်တာကွာ...ကိုယ့်ယောကျ်ားကို ဘယ်လိုတွေ ခေါ်နေတာလဲ.. အေ့..baby ''
လည်တိုင်တွေကြား တရွှတ်ရွှတ်နမ်းရင်း မျက်နှာအနှံ့ကိုပါ အတင်းနမ်းနေသော လူက မမူးဘူးတဲ့လား ။ ကိုယ်လုံးကို အတင်းဖယ်ခွာရင်း သူနဲ့မျက်နှာချင်းဆိုင်အောင် လှည့်ပလိုက်သည် ။
'' နေသော်ကြီး ငြိမ်ငြိမ်အိပ်တော့နော် ''
'' မောင်လို့ မခေါ်တော့ဘူးလား ကွာ..ဟမ်..''
'' အမူးသမားကို ခေါ်စရာလား..သူ့ကြ အများကြီး သောက်ပြီး ငါ့ကြ နဲနဲသောက်ခိုင်းတယ်...နေသော်ကြီး အကျင့်မကောင်းဘူး..''
'' အဟက်...baby က ဘီယာ နှစ်ဘူးလောက်ဆိုရင်တောင်
မှောက်ချင်နေတာလေ...အဲ့ကြောင့်ပါကွာ '''' ဆင်ခြေဆင်လက် ရေပဲ..''
'' မောင်တို့ နေကြရအောင် ''
'' ဟင့်အင်း... မူးနေရင် တော်တော်နဲ့မပြီးဘူး မောင်..''
'' တကြိမ်ပဲကွာ..နော် baby. .''
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo