မှူး တို့ ခေါင်ရည်ဆိုင်ရောက်တော့ နေရာတော်တော်များများ လူပြည့်နေပြီ ဖြစ်သည်။ ဆိုင်ရှင်က လာခေါ်ပြီး နေရာချပေးသော ထန်းရွက်မိုး တဲလေးဆီ ဝင်ထိုင်လိုက်ကြသည်။ ခေါင်ရည် သုံးပုလင်းနဲ့ ပြောင်းဖူးလက်ဖက်သုပ် နှစ်ပွဲ မှာလိုက်သည်။ ခေါင်ရည်အရသာ ချိုမြမြနှင့်မို့ သုံးပုလင်း ခနလေး ကုန်သွားကြသည်။ အငယ်မကိုတော့ တခွက်သာ သောက်ခိုင်းပြီး အမြည်းပဲ စားခိုင်းသည်။ နောက်သုံးပုလင်း ကုန်သွားချိန်တွင်တော့ ရပ်လိုက်ကြသည် ။ အပြန် ဆိုင်ကယ်မောင်းရမှာမို့ ဖြစ်သည်။ သောက်နေကျထက် နဲနဲ ပိုသောက်မိသွားတာကြောင့် ဆိုင်ကယ်တော့ မောင်းနိုင်သည်။ ဒါပင်မဲ့ အိမ်နားရောက်ကာနီးလေ နဲနဲပို မူးလာလေ ဖြစ်သည်။
မှူးတို့ အိမ်ပြန်ရောက်ချိန်တွင်တော့ အဘိုးနဲ့အဘွားမသိအောင် တတ်နိုင်သမျှ အသံလုံလုံဖြင့် ကို့အခန်းရှိရာဆီ ပြန်လာခဲ့ကြသည်။ အခန်းထဲ ရောက်ချိန်တွင်တော့ လူက ပိုမူးလာပြီး အိပ်ချင်လာသည်။ ဖုန်းအားသွင်းရင်း ဖုန်းသံတိုးမိသွားသည်ကို မှူးတယောက် မသိလိုက်ပါ။ ဘီရိုပေါ်မှာ ဖုန်းအားသွားသွင်းပြီးတာနဲ့ ထိုးအိပ်ပလိုက်သည်။ကျူရှင်က စတတ်ရက်မို့ တချိန်လွတ်သွားလဲ ပြန်ခါနီးရက်ကြမှ တချိန်ပိုတတ်မည်ဟု တွေးလိုက်သည်။ လူတိုးလူလျော့က အမြဲမို့ ကို မသင်ရသေးတာကို နောက်ဆုံးကျ တီချယ်ကို ပြောပြလို့ရသည်။နောက်ဆုံးကျန်တာမို့ တီရှယ်က ဦးစားပေးသင်ပေးသည်။
***************************
နေသော် ဝင်ငွေထွက်ငွေ စာရင်းတွေကို စိစစ်ပြီး... မှာရမည့် လိုအပ်သည့်ပစ္စည်းများကို စာရင်းလုပ်နေချိန်တွင် ပိုင်သူထက် ရောက်လာသည်မို့ မျက်မှောင်ကြုံ့လိုက်သည်။ နေသော့်စကားကြောင့် လက်လျော့သွားလောက်ပြီ ထင်မိခြင်းမှာ မှားလောက်သည်။ အညှီပါသောအလှတရားတွေက နေသော့် ရင်ဘတ်ထဲ မတိုးတာ ၊ မြတ်မှူးအိမ် မှလွဲရင် ရင်မခုန်တော့တာ ဆိုသည်ကို သေချာမသိသေးဘူးထင်သည်။
'' ကိုနေ... ပိုင် က ကိုနေ့ဆီ စေတနာနဲ့ ... ပုံတွေ လာပြတာ ''
'' ဘာ ပုံတွေလဲ.. မင်းနဲ့ငါနဲ့ကြား ဘာပတ်သတ်မှုမှ မရှိဘူးနော် ''
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo