ဘာလိုလိုနဲ့ မှူးနဲ့မောင် လက်ထပ်တာ တနှစ်ပြည့်တော့မည်။ အစက အဆင်ပြေပါ့မလား ဆိုသည့်အတွေး တွေးဖြစ်ခဲ့သေးသည်။ ခုတော့ မောင့်ကို ပိုင်ဆိုင်ရတာ ကံကောင်းသည်ဟု တွေးမိနေခဲ့သည်။ အိမ်ထောင်သက် တနှစ်အတွင်း နှစ်ယောက် စကားများရန်ဖြစ်ခြင်းမရှိ။ မောင်ကလဲ ပြောစရာမလိုအောင် အနေအထိုင် မှန်သလို မှူးကလဲ အနေမှန်သည်မို့ သဝန်တိုရတာတွေ စိတ်ဆိုးရတာတွေ မရှိ။ မောင် သဝန်တိုတာကို ခုထိ မမြင်ဖူးသေးပေ။ မှူးကတော့ ပိုင်သူထက်ကြောင့် မောင် ပါသွားမလား ဆိုသည့်အတွေး တွေးဖူးခဲ့သေးသည်သာ ။ ခုလေးငါးလအတွင်း မှူးတို့ရှေ့ ပေါ်မလာခဲ့တာ ကြာပြီမို့ သူ မောင့်ကို လက်လျော့သွားလောက်ပြီဟု တွေးမိသည်။
ခုက မှူး final year ကျူရှင် တတ်ရမည်မို့ ပြည်ကို မောင် ကားမောင်း၍ လိုက်ပို့နေခြင်း ဖြစ်သည်။ Express Car ဖြင့် ကို့ဘာသာ သွားမည်ဟု ပြောလဲမရ ။ မောင်က သူလိုက်ပို့ပေးမည်တဲ့ ။ မေဆုတို့ကလဲ သားနေ ကို လိုက်ပို့ခိုင်းတဲ့ ။ ပြောမရသည့်အဆုံး လိုက်ပို့ခိုင်းလိုက်ရသည်။ မှူးလဲ ကို့ယောကျ်ားကို လိုက်ပို့ခိုင်းစေချင်တာပေါ့ ။ ဒါပင်မယ့် မောင့်ဆိုင်ကလဲ ဖေကျော်နဲ့မေဆု မိတ်တွေရော ပစ္စည်းမှန်စျေးမှန်တာရောကြောင့် ဆိုင်က အရောင်းလိုက်သည်မို့ မောင် တရက် ဆိုင်ပိတ်နေရမှာ စိုးသောကြောင့်ပင်။ မနေ့ညက မေမေဆီရော ဖေကျော်နဲ့မေဆု ဆီပါ သွားကန်တော့တော့ မုန့်ဖိုးဆိုပြီး အမေက နှစ်သိန်း ၊ ဖေကျော်နဲ့မေဆု က ငါးသိန်း ပေးလိုက်သည်။ ဒါကို မောင်က လိုချင်တာရှိဝယ် စားချင်တာရှိရင် အကုန်ဝယ်စားဖို့ ဆိုပြီး အများကြီး ထည့်ခိုင်းနေသည်မို့ မှူးမှာ မနဲ ပြောယူရသည်။ နောက်ဆုံး ဆယ့်ငါးသိန်းနဲ့ ပြီးသွားသည်။ တကယ်က တနှစ်ကို ကျူရှင် စရိတ်အပါအဝင် ၈သိန်းလောက်ဆို လောက်သည်သာ ။
ကားလမ်းတလျှောက်လဲ မှူးက ဆိတ်ပါးစပ်လို တမျိုးပြီးတမျိုး စားသည်။ မောင့်ကိုလဲ ခွံကျွေးသည်။ ရောက်တတ်ရာရာတွေ ပြောလိုက် ရယ်လိုက်ဖြင့် အမြွှာတို့လမ်းရှေ့တောင် ရောက်တော့မည်။
'' မောင် ရှေ့လမ်းကြ ကွေ့လိုက်တော့ ''
'' onm baby ''
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo