Part 4 (U)

14.8K 948 10
                                    

မှူး ခဲရောင်ပိုးပုဆိုးနဲ့ အဖြူရောင်ရှပ်လက်ရှည်ကို အပေါ်ကနေ ခဲရောင်တိုက်ပုံထပ်၍ဝတ်ထားသည်။

'' ငါ ကြည့်ကောင်းရဲ့လား ''

'' အိုး....ငါ့သူငယ်ချင်း လေး...အရမ်းခန့်နေတာပဲ၊မျက်လုံးတွေတောင် ကျိန်းသွားတယ်....''

'' ဟုတ်ပ... သားကြီး အရမ်းခန့်ပကွာ....''

''ငါ့ကို အရမ်းမြှောက်မနေပါနဲ့၊ငါချောတာ ငါသိတယ်.. ဟဲ..ဟဲ...''

'' လင်ကရတော့မယ်၊ကျပ်က ခုထိ မပြည့်ရှာသေးဘူး...''

'' အငယ်မ... နင်ပြောတာ ငါကြားတယ်နော်...''

'' ကြားအောင် ပြောတာကို...''

လျှာထုပ်ပြောင်ပြရင်း ပြောနေသောအငယ်မကို လျစ်လျူရှုပလိုက်သည်။

ခုနေ့ဟာ မှူးနဲ့နေသော်တို့ မင်္ဂလာဆွမ်းကျွေးတဲ့နေ့ ဖြစ်တာကြောင့် မနက်စောစောကထဲက ဘိုးဘွားရိပ်သာကို မှူးတို့ရောက်နေပြီဖြစ်သည်။

နေသော်က ဘုန်းကြီးပင့်ရင်းလာခဲ့မည်မို့ သူနဲ့ခုထိတော့ မတွေ့ရသေးပေ။ အမေနဲ့တီချိုတို့ လင်မယားကတော့ အဘိုးအဘွားတွေကိုကျွေးမွေးရန်နှင့် ဖိတ်ထားသော ဧည့်သည်တွေကို ဧည့်ခံရန် လိုအပ်တာတွေကို လိုက်စစ်ဆေးနေသည် ။

မှူး အဝတ်တွေအဆင်ပြေမပြေကြည့်ရန်အတွက် ဘိုဘွားရိပ်သာ နောက်နားက ပန်းခြံနားကို အမြွှာနှစ်ယောက်နဲ့အတူ ရောက်နေသည်။

အကြီးကောင်သွင်ထူးက နီညိုရောင်ယောပုဆိုးနဲ့ အင်္ကျီအဖြူလက်ရှည်ကိုဝတ်ဆင်ထားပြီး အငယ်မသွင်ကူးက နက်ပြာရောင်ချိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသည် ။ အမြွှာတွေဆိုသည့်အတိုင်း ရုပ်ချင်းက အတော်ဆင်ကြသည်။တက္ကသိုလ်တက်ရင်းမှ ခင်မင်ကြသည်ဆိုသော်လည်း မှူးတို့က ငယ်ပေါင်းသူငယ်ချင်းတွေလိုဖြစ်နေသည် ။ စိတ်ကူကိုယ်တူ သူငယ်ချင်းတွေမို့ ဖြစ်နိုင်လောက်သည် ။ မှူး ငယ်ငယ်က ပေါင်းခဲ့ဖူးသမျှတွေက သာပေါင်းတွေသာ ရှိခဲ့သည်ကြောင့် မှူး သိတက်ချိန်မှစကာ သူတို့နဲ့မပေါင်းတော့တာ ကြာခဲ့ပြီဖြစ်သည်။

'' မှူး...ငုတ်တုတ် အိပ်ပျော်သွားတာလားဟဲ့...''

'' အာ..မဟုတ်ပါဘူး... ငါ အတွေးလွန်သွားလို့ပါဟ...''

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now