'' သားကြီး paper 1 နဲ့ paper 2 သင်မှာတဲ့ ခုမနက်...ရော့ အချိန်စာရင်း ''
မှူး စာအုပ်စီနေရင်း အကြီးကောင် ပေးလာသော အချိန်စာရင်းကို လှမ်းယူလိုက်သည်။ မနက်ပိုင်းက paper 1 နဲ့ 2... ညနေမှ English ဖြစ်သည်။ ဆရာ Dr တင်နိုင်ဦးက အသင်ပြကောင်းသော မေဂျာဆရာဖြစ်သည်မို့ ဆရာ စာရှင်းပြချိန် အရမ်းပျော်ရသည်။ English တီချယ် ဆရာမ နှင်းသွေးကလဲ အပြုံးချိုချိုဖြင့်မို့ စာသင်ရတာ အရမ်းသဘောကျသည်။
ကျူရှင်အိမ်က မျက်စောင်းထိုးက ယောကျ်ားလေးအဆောင် အောက်တွင် သင်သည်ဖြစ်သောကြောင့် စာအုပ်နဲ့ဘောပင်ကို ဒီတိုင်းပဲ ကိုင်လာခဲ့သည်။အကြီးကောင်နဲ့အတူ အောက်ထပ်ဆင်းလာခဲ့ပြီး ဧည့်ခန်းထဲ ထိုင်စောင့်နေသော အငယ်မကို ခေါ်ပြီး ကျူရှင်သွားလိုက်ကြသည်။
ကျူရှင်ရောက်တော့ တနှစ်ပြီးတနှစ် မျက်မှန်းတန်းမိနေကြပြီး မေးထူးခေါ်ပြော သူငယ်ချင်းတချို့ မှူးတို့ထက် အရင် ရောက်နေတာ တွေ့လိုက်ရသည်။ တယောက်နဲ့တယောက် ပြုံးပြလိုက်ကြပြီး မှူးတို့ သုံးယောက် ခုံတန်းတခုတွင် ဝင်ထိုင်လိုက်ကြသည် ။
ထိုချိန် အရှေ့က အောင်လံသား ဆလိုင်းမြတ်သူက နောက်လှည့်လာပြီး စပ်ဖြီးဖြီး မျက်နှာဖြင့်
'' သားကြီး မနေ့က BMW ကားကြီးနဲ ဘဲကြီးက မင်းယောကျ်ားမလား ဟီးးဟီး ''
'' ဘဲကြီး မဟုတ်ပါဘူး ကွ..နေသော်က ငါ့ထက်တောင် ငယ်သေးတယ် ''
'' ဟေ မသိပါဘူးကွာ.. အရပ်ရှည်ရှည် လူကဖြောင့်ဖြောင့်နဲ့ ဗလ တွေနဲ့ ဆိုတော့ ငါတို့ထက် အသက်ပိုကြီးတယ် ထင်နေတာကွ ဟားး ဟားး ''
'' ဟုတ်ပကွာ ငါတို့လဲ ငမှူး မဂ်လာဆွမ်းကျွေးမှ စတွေ့ဖူးတာ..ငမှူးက သူ့ထက် လ ငယ်တယ်လို့သာ ပြောမထားရင် အကိုနေသော် ဆိုပြီး ခေါ်မိမှာကွ...ဟားးဟားး ''
'' ဟုပ ဟယ်...ဟီးးဟီးး ''
အမြွှာနှစ်ယောက် ကလဲ ဝင်ပြောရင်း တဟီးဟီး တဟားဟားနဲ့ ဖြစ်နေသည်။ အဝေးသင် ဆိုတော့ Day သမားတွေလို သူငယ်ချင်း တွေနဲ့ ခနခန မတွေ့နိုင်ပေ။ ခုလို တနှစ်လုံးနေမှ ကျူရှင်တတ်တဲ့ လမှသာ တွေ့ကြရသည်။ အများစုက အလုပ်တဖက်နဲ့ တတ်ရသည်က များသည်။ တခြားအချိန်မှာ အလုပ်သဘောအရ ရင့်ကျက်နေရပင်မဲ့ ခုလို အချိန်လေး တချိန်သာ လူငယ်ဆန်ဆန် ပျော်ရွှင်ခွင့်ရကြသည်။ ဘဝဆိုတာ ဒီလိုပါပဲ လေ ။ တချို့ သူတွေကြ ဘဝကံကောင်းလွန်းကြပြီး day တတ်နိုင်ကြသည်ကိုတောင် လိမ်လိမ်မာမာ ဖြစ်ဖြစ်မြောက်မြောက် မတတ်ချင်ကြသည်မှာ အံ့သြဖို့ကောင်းသည်။ မှူးတို့လို အဝေးသင်သမားအများစုကတော့ တနှစ်တတန်းအောင်အောင် စာကြိုးစား ကြသည်။ မှူးလဲ မောင်နဲ့ ဖူးစာဆုံဖက်ခဲ့သည်မှာ မှူးဘဝအတွတ် ကံကောင်းခြင်း တခုဖြစ်သည်။ ခု နှစ် နောက်ဆုံးနှစ် မို့ တနှစ်ထဲနဲ့ အောင်အောင် မှူးကြိုးစားမည်။ ဒါမှသာ မောင်နဲ့ ခုလို ကြာကြာခွဲရမည် မဟုတ်ပေ။ မေဆုကလဲ ကျောင်းပြီးတာနဲ့ ဆိုင်ကို လွှဲပေးမည်မို့ မှူး ပိုကြိုးစားရအုံးမည်။ ကို့လက်ထဲ ပိုတိုးတတ်လာစေချင်တာ မှူး ဆန္ဒ ဖြစ်သည်။
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo