တစ်လခွဲဆိုသော အချိန်လေးက ခဏလေးပဲဖြစ်ကာ အချိန်ကုန် မြန်သည်။ ကျူရှင်တတ်တဲ့ လဝက်ပြီးတော့ အိမ်မှာပြန်စာကျက်တာ ခုဆို အနီးကပ် သုံးရက်တတ်ပြီးလို့... စာမေးပွဲ ဖြေမဲ့နေ့ကို ရောက်လာခဲ့လေပြီ ဖြစ်သည်။ ကျူရှင်တတ်တဲ့အခါကနေ ခုထိ မှူးနဲ့အတူ မောင်ပါ လိုက်လာသည်မို့ အားတတ်မိသည်။ လူက စာတွေကျက်လေ ဂေါက်ချင်လေမို့ စိတ်ကမကြည်။ အဲ့တော့ အနားရှိသူကြီးကို ဂျစ်သည်၊ရစ်သည်။ လ က ဘာလို့ ညဘက်သာတာလဲကအစ လူတွေက ဘာလို့ ပခူံးနှစ်ဖက်ကြား ခေါင်းပေါက်တာခြင်းအတူတူ ဥာဏ်ရည်မတူတာလဲ ဆိုသည့်အထိ ရစ်ပလိုက်သည်။ ကိုနေသော်တို့က အလိုက်သ်ိသည်၊ ထိုအချိန်ဆို မုန့်လေးခွံကျွေးလိုက်၊ နှိပ်ပေးလိုက် ၊ အနမ်းပေးလိုက်နဲ့ ချော့သည်။ တကယ်တွေးကြည့် မှူးကြောင့် နေသော် ဂေါက်မသွားတာပဲ ကျေးဇူး တင်ရမည် ။ ဟီးးးး။
'' baby.... ကို ရတဲ့ အပုဒ်ကို အရင်ချရေးနော်...အရမ်းမစိုးရိမ်နဲ့.. ရပြီးသားတွေ မေ့သွားမယ်..ထက်ခါထပ်ခါ ပြန်ကျက်မနေနဲတော့...''
'' အွန်းး..မောင် ငါ ဖြေနိုင်မှာပါနော်...''
'' ဖြေနိုင်မှာပါ မောင့် baby က...မောင် အားတွေပေးလိုက်မယ်..ဖြေနိုင်စေ..ပြွတ်စ် ''
နဖူးထက် ကျရောက်လာသော မောင့်အနမ်းလေးကြောင့်...မှူးရင်ထဲ နွေးထွေးတဲ့လှိုင်းလေးတခု စီးဆင်းသွားသည် ။ စိတ်ပူပန်မှုတွေလဲ တဝက်လောက်ထိ သက်သာသွားသည်ဟု ထင်မိသည်အထိ။
'' baby. ..ကျောင်းသားကတ်ကို ဆွဲထား...ဘောပင် ပေတံ ခဲသားဘောပင်...ခဲသားဗူး အစုံပါပြီ...အောက်ဆင်းကြမယ်..အမြွှာတို့ အကြာကြီး စောင့်နေရရင် မကောင်းဘူး.. ''
'' ဟုတ်...မောင်. ..''
စတစ်ကော်လံလက်ရှည်အဖြူနဲ့ ခဲရောင်ဖောက်ထားသော ပုဆိုးကွက်ကြဲလေးကို ဆင်တူဝတ်ထားတာချင်းအတူတူ မောင်က ပိုခန့်ညားနေသည်ဟု ထင်မိသည်။ ဆင်တူဝတ်ချင်တာကလဲ မှူးဆန္ဒပင် ၊ ကျောင်းရှေ့လာကြိုလို့ တခြားသူတွေ ငမ်းရင် မှူးက ပိုင်ရှင်မှန်းသိအောင်လို့ ဖြစ်သည်။ မှူးတို့က စာသာ ကျက်ရမလွယ်တာ ခုလိုထက်မြက်တဲ့နေရာတော့ ထက်မြတ် ပါတယ်နော်။ အရှေ့ကနေ လှေကားထစ်တွေဆီကနေ ဆင်းသွားနေသော မောင်ကတော့ မှူးအတွေးတွေကို သိမည်မဟုတ်ပါ။
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo