အခန်းထဲကမှန်တင်ခုံရှေ့ရပ်ကာ အတွေးများနေသည့် မှူးလေး။ခုနေ့ အချေကိုယ်တော်နဲ့ နှစ်ယောက်ထဲစကားပြောဖို့ အမေနဲ့တီဆုကပြောသောကြောင့် သူ့ဆီမသွားခင် သပ်ရပ်အောင် ပြင်ဆင်နေခြင်း ဖြစ်သည်။ခရမ်းနုရောင် T shart နဲ့ ဒူးအတိ ဘောင်းဘီခဲရောင်တို့ကိုတွဲပြီး ဝတ်ဆင်လိုက်သည်။
လက်ထပ်ဖို့ကိစ္စ နှစ်ယောက်သဘောထား ဆွေးနွေးဖို့သွားရမှာ ဖြစ်တာကြောင့် ရင်ထဲတစ်လှပ်လှပ်။ကြောက်သလိုလို လန့်သလိုလိုနဲ့ မသိရင်စစ်တိုက်ထွက်ရမဲ့သူလို ခံစားနေရသည်။
တွေ့ရမည့်နေရာကတော့ တစ်ခြားမဟုတ်ပါဘူး။တီဆုတို့ အိမ်မှာပါပဲ၊တီဆုနဲ့လေးကျော်က မနက်ကိုးနာရီထိုးတာနဲ့အလုပ်ထဲ သွားပြီဖြစ်တာကြောင့် အိမ်မှာအချေကိုယ်တော်ငနေပဲ ရှိလောက်မည်။သူ့ဆီတွင်အရှိန်အဝါတစ်ခု အမြဲရနေတာကြောင့် သူ့အနားရောက်ရင် ဘာတွေပြောရမှန်းမသိဖြစ်သွားတက်သည်။
တွေးရင်းငေးရင်းနဲ့ မှူးတစ်ယောက် တီဆုတို့ အိမ်ရှေ့ရောက်လာလေပြီ။ဘဲလ်တီးလိုက်တော့ အချေကိုယ်တော် က တံခါးလာဖွင့်ပေးသည်။
ဧည့်ခန်းထဲမှာ ထိုင်မိကြသည်အထိ နှစ်ယောက်လုံး စကားတစ်ခွန်းမှထွက်မလာ။ဒီအခြေနေကြီး သားမကြိုက်ဘူး အမေရေဟုသာ စိတ်ထဲကနေ မှူးအော်ဟစ်နေမ်ိသည်။
နေသော် မနေ့ညကထဲက အမေပြောထားသည်ကြောင့် ခုမနက် အူကြောင်ကျားမှူးလေးနဲ့ တွေ့ရမည်ဆိုတာသိသည်။ဒါကြောင့် သူ ဘဲလ်တီးသံ ကြားသည်နှင့် ခြံတံခါး သွားဖွင့်ပေးခြင်းဖြစ်သည်။
ဆိုဖာတစ်ဖက်ဆီမှာ ထိုင်မိကြသည်အထိ တိတ်ဆိတ်လျှက်။တစ်ဖက်ကသူကို အကဲခတ်ကြည့်လိုက်တော့ လက်နှစ်ဖက်ကို ပွတ်လျက် ဘာတွေ ရွတ်နေလဲမသိ။ပွစိပွစိနဲ့ ပြောနေပုံလေးက မကြာမီငိုတော့မဲ့ပုံလေးဖြစ်လာသည်မို့ နေသော် နှုတ်ခမ်းတဖက်တွန့်ရုံလေး ပြုံးမိသွားသည်။
ကိုယ်မှ စမပြောလျှင် တစ်ဖက်က ငိုပြေးတော့မည်။
'' အအေး ဘာသောက်မလဲ...''
'' ဟမ်..ဘာ..ဘာဖြစ်ဖြစ်..ရတယ် ငနေ...''
ချောချော့မွေ့မွေ့ထွက်မသွားသည့် သူ့ပါးစပ်လေးကို မှူး ရိုက်ပလိုက်ချင်မိသည်။
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo