မေဆုနဲ့ဖေကျော်တို့ ရွာဘက်အလှူပွဲကိုသွားသည်ကြောင့် မနက်ကထဲက မှူး ဆိုင်ထိုင်နေရသည်။ ခုနေ့ နေ့လည်စာကကိုတော့ အမေ့ဆိုင်ကနေ မောင်သွားယူမည်ဖြစ်သည်။
မှူး ဆိုင်ထိုင်ရင်းနဲ့ မနေ့ကအမြွှာမောင်နှမ ကားတင်ပေးလိုက်သည့် assaigment များကို ရေးနေရသည်။ ရေးပြီးနောက်တွင်လည်း ကားနဲ့ ပြန်တင်ပေးလိုက်ရုံသာ။ ပြည်မှာ သူငယ်ချင်းရှိတာ အရမ်းကောင်းသည်ပင်။
'' မင်္ဂလာပါရှင်....အထဲကို ကြွပါ...''
မြတ်နိုးတို့ကလေးမတွေရဲ့ ဧည့်ကြိုသံ ကြားသည်မို့ မှူး စာရေးနေရာမှ မော့ကြည့်လိုက်သည်။
တွေ့လိုက်ပါပြီ...တစ်ကိုယ်လုံး ပန်းနုရောင်အင်္ကျီလက်ရှည်နဲ့ပန်းရောင်ဘောင်းဘီတို ဝမ်းဆက်ဝတ်ထားပြီး ကြွကြွရွရွ လှမ်းလာတဲ့ စနှိုက်ကျော်ပိုင်သူထက်...။
ကိုယ်ကဆိုင်ရှင်နေရာကမို့...အပြုံးလေးတပွင့် အသာပြုံးပြပြီး ပြောလိုက်သည်။
'' ဘာကြည့်ချင်လို့လဲ ညီလေး...''
'' အိုး...လက်စွပ်ကြည့်ချင်လို့ပါ...bro. .''
ကလေးမတွေလဲ အရှေ့ကို ပြန်သွားသည်မို့ မှူးလဲ အပြုံးကို ပြန်သိမ်းလိုက်သည်။
'' ခုနေ့ မင်း ကံမကောင်းဘူးထင်တယ်... ငါ့ ယောက္ခမကို လာကပ်တာဆိုရင် လစ်လိုက်တော့.. ခုနေ့ တစ်နေကုန် ငါဆိုင်ထိုင်မှာ...အဟက် ''
'' ဝိုး...ခင်ဗျားက အကယ်ဒမီရှော့ပဲ၊ခုနက ညီလေးဆို...ခုကြ တမျိုးပါလား ဟ ဟ... ''
'' ငါ့ယောကျ်ားကို ကြောင်တောင်နှိုက်နေတဲ့အကောင်ကို ငါက ခုလိုမဆက်ဆံမှသာ အံ့သြဖို့ ကောင်းနေမှာ... အဟွန်း ''
'' ဒါနဲ့ ညက block ခံလိုက်ရတဲ့အရသာ ကောင်းလား ''
'' ဘာ!!! မင်း... မင်း ဘယ်လိုသိလဲ... မင်း ဘလော့ လိုက်တာလား ''
'' ငါ block လိုက်တာ ''
'' ဟင်! ! '' '' ဟင် !! ''
နေသော် အလုပ်ပြီးသည်နှင့် မေချို့ဆီက ထမင်းချိုင့်ယူပြီး ချောကလက်လေးဆီ စောစောထွက်လာခဲ့သည်။ ဆိုင်က ကလေးမလေးတွေက နေသော်ရောက်လာသည်မို့ မှူးကိုအကြောင်းကြားရန် ပြင်လိုက်သည်ကို အသာလက်ပြပြီး မှူးရှိရာဆီ လျှောက်လာခဲ့သည်။
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo