Part 7

14.2K 888 28
                                    

အခန်းထဲ ထိုင်လိုက်ထလိုက်၊ရေသောက်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေသော မှူးကိုကြည့်ပီး နေသော် ခေါင်းခါလိုက်မိသည်။ ခုည Third year History အောင်စာရင်းထွက်မည်ဟု သူ့သူငယ်ချင်းအမြွှာနှစ်ယောက် ပြောကထဲကနေ ညရောက်လာသည်နှင့်အမျှ ပိုစိတ်လှုပ်ရှားနေလေ ဖြစ်နေသည်။

'' baby....လာအုံး မောင့်အနားကို...''

နေသော် ခေါ်လိုက်တော့ လှုပ်စိလှုပ်စိနဲ့အနားကို ရောက်လာသည်။ ကုတင်ခေါင်းရင်းကို မှီရင်းထိုင်နေတာမို့ အနားရောက်လာတဲ့ ချောကလက်လေးကို ရင်ခွင်ထဲဆွဲသွင်းရင်း မှီခိုင်းထားလိုက်သည်။

'' အောင်မှာပါ baby ရယ်၊အရမ်းစိတ်မလှုပ်ရှားပါနဲ့ကွာ...''

'' မောင်...ငါလေ paper 2 ကို သိပ်မဖြေနိုင်ခဲ့ဘူး...အောင်ပါ့မလားမသိဘူး..ဟင့်...''

ငိုမဲ့မဲ့ဖြစ်နေသော ချောကလက်လေးကို ပိုတင်းတင်းပွေ့ဖက်လိုက်ရင်း အားပေးနှစ်သိမ့်မိသည်။ နဖူးထက်စင်းကျနေသော ဆံသားပျော့အိအိလေးတွေကို သပ်တင်ပေးရင်း ခေါင်းလုံးလုံးလေးထက် မြတ်နိုးမဝသည့်အနမ်းတို့ ချွေချမိသည်။

'' majorမို့ အရမ်းမစိုးရိမ်ပါနဲ့ ကွာ..မောင့် ချောကလက်လေး အောင်မှာ...မောင်ပြောတာကို ယုံ...''

''တကယ်နော်..မောင်၊ငါ မောင့်ကို ယုံလိုက်ပြီ...''

မှူး မောင့်ရင်ခွင်ထဲ ပိုတိုးဝင်လိုက်ပြီး မောင့်နှလုံးခုန်သံစီးချက်တွေကို နားထောင်ပြီး စိုးထိတ်မှုတွေကြားရောက်ရှိနေသည့်သူ့နှလုံးသားလေးကို ပျော်ရွှင်စေလိုက်သည်။ စည်းချက်ညီညီခုန်နေသောနှလုံးခုန်သံ က. နားထောင်နေရင်း ပိုမြန်လာသလိုလို...။

'' မောင်...မောင့်နှလုံးခုန်သံက ပိုမြန်လာသလိုပဲရယ်...''

'' မောင့်နှလုံးသားရဲ့ ချောကလက်လေး အနားရှိနေတာကိုး...ပိုမခုန်မှသာ ထူးဆန်းနေမှာ...''

'' အာ...မောင် အရမ်းစကားတက်တာပဲနော်...ရန်ကုန်မှာတုန်းက ရည်းစားအများကြီးထားခဲ့တာလား... ပြော..ပြော..''

''ဟား...မောင် ရည်းစားထားရမှာအာရုံနောက်လို့ မထားခဲ့ပါဘူးကွာ...''

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now