Part10 (Z)

4.5K 142 2
                                    

'' အင့်..မောင် တော်တော့ ရေချိုးတော့လေ...ထမင်းစားဖို့ လူကြီးတွေ စောင့်နေရအုံးမယ်...''

မှူး လည်တိုင်ကိုငုံခဲနေသောမောင့်ကို တွန်းထုတ်ရင်း မှူး သတိပေးလိုက်သည် ။ထိုအခါမှသာ မဖယ်ချင့်ဖယ်ချင်နဲ့ နံဘေးကို ဖယ်သွားလေသည်။

''မောင်...အဝတ်အစား ငါထုတ်ထားမယ်...ရေချိုးသွားတော့...''

မှူး မောင့်ကိုယ်လုံးကြီးကို ရေချိုးခန်းဘက်တွန်းပို့လိုက်သည်။ ထို့နောက် ဘီရိုထဲမှ တီရှပ်အဖြူနဲ့ပုဆိုးအနက်ကွက်ကို ထုတ်ပေးထားလိုက်သည်။

အချေကိုယ်တော် ရေခဲတုံးကြီးက ခုတော့ အရင်က သူမဟုတ်သိအတိုင်း မှူးကိုဆို ပွတ်သီးပွတ်သပ်လုပ်တက်နေပြီ ။ မဆီမဆိုင် မနက်က ဈေးထဲမှာ တွေ့လာခဲ့တဲ့ ပိုင်သူထက်ကို တွေးလိုက်မိတော့ မှူးစိတ်ထဲမပျော်တော့။ ဘယ်သူမဆို ကိုယ့်ယောက်ျားကို လာစနှိုက်ကျော်ရင် ပါသွားမလားဆိုတဲ့အတွေး အနည်းနဲ့အများတော့ ဝင်တတ်ကြသည်မလား။မှူးလဲ မောင့်ကို ယုံကြည်ပင်မဲ့ မောင်တစ်ခြားသူဆီပါသွားရင်ဆိုသည့်အတွေး အနဲအပါးတော့ ဝင်မိသည်။

တစ်ချက်တစ်ချက် နှာစီးတာကိုလည်းညှစ်ရင်း အတွေးကမ္ဘာထဲရောက်နေသည့်မှူးမှာ မောင် ရေချိုးပြီးလို့ အပြင်ထွက်လာတာတောင် သတိမပြုမိပေ...။

နေသော် ရေချိုးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်မှာတင်ပါးလွှဲ ထိုင်ပြီး တစ်ခုခုကိုတွေးကာငြိမ်နေသောမှူးကြောင့် အနားသို့ သွားကာ လက်တွင်တင်ကျန်သေည့် ရေစက်လေးများဖြင့် မှူးမျက်နှာရှေ့ အသာတောက်လိုက်သည်။

ထိုအခါမှ မှူးတစ်ယောက်သတိဝင်လာကာ...

'' အာ..အေးတာ မောင်ရာ၊ခေါင်းလျှော်လာတာကို ပြောင်အောင်လဲ မသုတ်ဘူး...ပေး သပတ်...''

ကမ်းပေးလာသော သပတ်ကို ယူလိုက်ပြီး မောင့်လက်ကို ဆွဲလိုက်ကာ မှူးအရှေ့ ကုတင်အောက်နားတွင်ထိုင်ခိုင်းလိုက်သည် ။ အရပ်ချင်းက ကွာခြားသည်မို့ ခုလိုထိုင်ခိုင်းမှပဲ သူ့ကိုသေချာ ခေါင်းသုတ်ပေးလို့ ရသည်။

မှူး ခေါင်းသုတ်ပေးတာကို အသာငြိမ်ခံနေလိုက်သည်။နေသော် မေးသမျှပြန်ဖြေပြီး ပြောသမျှနားထောင်ပေးနေသည့် သူ့ချောကလက်လေးက ထူးဆန်းနေသည်။ အရင်ကဆို စကားတွေတတွတ်တွတ်ပြောတက်တဲ့ ချောကလက်လေးဟာ ခုညတော့အတွေးတွေနဲ့ ငြိမ်နေလေသည်။ ထမင်းစားပြီး အိပ်ယာဝင်မှသာ သေချာမေးကြည့်မည်ဟု သူတွေးလိုက်သည်။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now