🚨🚨 warning ပေးပါတယ်ရှင်...🚨🚨
မှူးတို့ ဆိုင်ကိုရောက်တော့ ညခုနှစ်ရာပင်ခွဲနေလေပြီ။ ဆိုင်အောက်ထက်တွင် အကန့်များစွာဖြင့် ဆိုင်ကယ်အပိုပစ္စည်းမျိုးစုံကို တစ်ကန့်စီထည့်ထားပြီး ဆိုင်ကယ်အမျိုးအစားအစုံ အစီးခြောက်ဆယ်ကျော်လောက် ဟောပုံစံ အောက်ထပ်အခန်းကျယ်တစ်ခုလုံးတွင် သူ့နေရာနဲ့သူ စီတန်းထားသည်ကိုတွေ့ရသည်။
မောင်က ဆိုင်ကိုကြည့်ရသည်မှာ အဆင်ပြေလားမေးတော့ အဆင်ပြေကြောင်း မှူးပြန်ဖြေလိုက်သည်။ ထို့နောက် ဆိုင်အပေါ်ထပ်သို့ ေလှကားကနေတက်လာခဲ့ကြသည်။
အပေါ်ထပ်ရောက်သည်နှင့် စတွေ့ရသည့်အခန်းမှာ ဆိုင်ကယ်အပိုပစ္စည်းမျိုးစုံ ထည့်ထားသော သိုလှောင်ခန်းဖြစ်သည်။ ဘေးအခန်းမှာ မီးဖိုခန်းနဲ့ ထမင်းစားခန်း တွဲရက်ထည့်ထားသော အခန်းဖြစ်သည်။ ထို့နောက်ဆက်သွားတော့ တတိယအခန်းမှာ လသာဆောင်နှင့် တွဲရက်အိပ်ခန်းဖြစ်သည်။
အိပ်ခန်းကို ခဲရောင်လေး သုပ်ထားပြီး အိပ်ယာခင်း၊လိုက်ကာမှအစ အကုန် ခဲရောင်သုံးထာသည်ကို ကြည့်ခြင်းဖြင့် မှူးကြိုက်သောအရောင်က ခဲရောင်ဆိုတာ မောင် ရိပ်စားမိသည်ထင်။ မောင်နဲ့အကြိုက်တူသည်မို့ မှူးပျော်မိသည်။ အခန်းထဲတွင် နံရံကပ် TV ကြီးတစ်လုံးထည့်ထားပြီး ထိုင်ကြည့်ရန် ဆိုဖာရှည်ကြီးတခု ချပေးထားသည်။ ဘီရိုအမြင့်တစ်လုံးပါ ထည့်ထားပြီး မှန်တင်ခုံကအစ အသုံးအဆောင်ပစ္စည်းအဆုံး အကုန်ထည့်ထားသည်မို့ မှူးအံ့သြသွားသည်။ ဘီရိုကို ဖွင့်ကြည့်လိုက်တော့လဲ မောင့်အဝတ်အစားရော မှူးအဝတ်အစားများပါ ထည့်ထားသည်ကို တွေ့လိုက်ရသည်။ အောက်ဆုံး အံဝှက်ထဲမှာပါ ဘဏ်စာအုပ် နှင့် အဖိုးတန်ပစ္စည်းများ ငွေတွေကအစ အကုန်ပြောင်းထည့်ထားသည်ကို တွေ့ရသည်မို့ မှူး မောင့်ကို လှည့်ကြည့်လိုက်သည်။
'' မောင်...အိမ်ပြောင်းလိုက်တာလား ဟင်! !''
'' မောင်တွေးနေတာ မောင်တို့နှစ်ယောက် သီးသန့်ခွဲနေမလားလို့ အိမ်ကိုတော့ တစ်ပတ်တစ်ခါလောက် ပြန်ကြမယ်လေ ''
'' ချက်ချင်းကြီး ဘာလို့ အိမ်ပြောင်းနေချင်သွားတာလဲ မောင် ''
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo