ရင်ခွင်ထဲကချောကလက်လေး လှုပ်စိလှုပ်စိဖြစ်လာသည်မို့ နေသော် နိုးသွားပြီး ငုံ့ကြည့်လိုက်သည် ။ မျက်တောင် ခပ်စိပ်စိပ်လေးတွေ ဝန်းရံထားသောမျက်လုံးလေးကို လက်ခုံဖြင့် အတင်းပွတ်နေသည်မို့ လက်ကလေးကို ဆွဲကိုင်ထားပြီး တားလိုက်သည်။ ထို့နောက် အသာအယာ လေမှုတ်ပေးလိုက်သည်မို့ အိပ်ချင်စိတ်များ ပြယ်သွားသည်ထင်။ နေသော်ကို မော့ကြည့်လာသည်။
'' မျက်လုံးကို အရမ်းမပွတ်နဲ့လေကွာ မျက်တောင်တွေ ကျွတ်ကုန်တော့မှာပဲ မောင့် baby ရယ် ''
'' မျက်တောင်တွေကျွတ်သွားပြီး ငါရုပ်ဆိုးသွားရင် မောင်က မချစ်တော့ဘူးလား ''
'' အာ....ဒီလောက်မြတ်နိုးမဝလေးကို မောင်က မချစ်စရာလား ''
'' ဟီး ဟီး... အဲ့ကြောင့် မောင့်ကိုအရမ်းချစ်တာ''
'' အချွဲလေးပါကွာ... ဒါနဲ့ ညကကိစ္စဆက်မေးရအုံးမယ် ပိုင်သူထက်က ဘယ်သူလဲ ''
'' မောင်စိတ်မဆိုးပါဘူးလို့ အရင်ကတိပေး... ဂတိပေးရင် ပြောပြမယ် ''
'' ဘာတွေလုပ်ထားတာလဲ baby... ဟမ်!"
'' ငါ ဘာမဟုတ်တာမှမလုပ်ထားပါဘူး မောင်ရ ''
'' မောင်သာဂတိပေး... ငါပြောပြမယ် ''
'' စိတ်မဆိုးဘူးကွာ၊မောင့်ကို ပြောပြ''
နေသော် စကားပြောရင်း ရင်ခွင်ထဲကချောကလက်လေးရဲ့ မျက်နှာကိုအကဲခတ်ကြည့်နေသည်မို့ နှုတ်ခမ်းတစ်ဖက် မဲ့သွားပြီး စကားပြောလာသော အလှလေးရဲ့ချစ်စဖွယ်ပုံစံလေးကြောင့် ရယ်ချင်သွားသည်။
'' ဟွန့် !!! အဲ့ ပိုင်သူထက် ဆိုတဲ့ အကောင်က. ငါ့ဆီကနေ မောင့်ကို စနှိုက်ကျော်ချင်နေတဲ့ အကောင် ''
''ဟမ် ! !. .."
မှူးလဲ ရွှေရင်အေးဆိုင်မှကိစ္စအားလုံးကို မောင့်အား ပြောပြလိုက်သည်။ မောင်ကအနွယ်ခံရင် ယူသွား၊ ရေစက်ချပြီး ပေးပလိုက်မယ် ဆိုတဲ့စကားကြောင့် မောင် စိတ်ဆိုးသွားမလားဆိုပြီး မောင့်မျက်နှာကို အကဲခတ်ကြည့်လိုက်သည် ။
ခဏကြာသည်အထိ မောင်ဘက်က ဘာစကားမှ ထွက်မလာသည်မို့ မှူး စိုးရိမ်သွားပြီး မောင့်လည်တိုင်ထက်မှူးလက်နှစ်ဖက်နှင့် ယှက်နွယ်သိုင်းဖက်လိုက်ပြီး
YOU ARE READING
💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)
Romanceအပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Start date -20.1.2022 End date - 16.2.2022 crd photo