Part 8

12.9K 872 7
                                    

  
'' မောင်...ရန်ကုန်မှာ ဘယ်နှစ်ရက်လောက်ကြာလောက်လဲ...''

'' နှစ်ရက်လောက်ပဲ baby.... ''

ဆိုင်ကဆောက်လို့ပြီးတော့မှာဖြစ်တာကြောင့် ဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ပစ္စည်းတွေတင်သွင်းဖို့သက်ဆိုင်ရာ company ကို မောင့်သူငယ်ချင်းကချိတ်ပေးမည်ဖြစ်တာကြောင့် မောင်ရန်ကုန်ကိုသွားရမည်။ဒါကြောင့် ဘယ်နှစ်ရက်သွားရမှာလဲဟု မှူး မေးနေခြင်းပင်။

  ရင်ခွင်ထဲကနေ အသာငြိမ်ပီးအသံတိတ်သွားသော ချောကလက်လေးကြောင့် နေသော်တစ်ချက်ပြုံးပြီး ပါးပြည့်ပြည့်ဖောင်းဖောင်းလေးကို နမ်းပလ်ိုက်သည်။

'' မောင့် baby လေးက.. ခုကထဲက လွမ်းနေပီလား...ဟမ်၊မောင်နဲ့လိုက်ခဲ့မလား...''

မောင့်အပြောကို မှူးခေါင်လေးတစ်ချက်ခါပြီး ပြန်ဖြေလိုက်သည်။

'' မလိုက်တော့ဘူး မောင်၊ဟိုရောက်ရင် မောင်က ကားဝယ်မှာနဲ့ လုပ်ငန်းအတွက်တွေ့ရမှာတွေနဲ့....ငါ မလိုက်တော့ဘူး မောင်၊ နောက်ပြီး နှစ်ရက်ဆိုတာလေးက ခဏလေးပါပဲ...နော်...''

ခေါင်းလေးမော့ပြီး စကားခေါ်နေသော ချောကလက်လေးရဲ့အလိုကျ နေသော် ခေါင်းတချက်ညှိမ့်ပြပီး သဘောတူလိုက်သည်။ ထို့နောက် ချောကလက်လေး ကိုပိုတင်းတင်းဖက်လိုက်ပြီး...

'' ဟုတ်တယ်... နှစ်ရက်က ခဏလေးပါကွာ၊မောင်အလုပ်တွေပီးတာနဲ့ ချောကလက်လေး ဆီ အပြေးပြန်လာခဲ့မယ်...''

'' အွန်း....အလုပ်တွေရှုပ်တာကရှုပ်တာပဲ၊ထမင်းအချိန်မှန်စားနော်.. မောင်...''

'' မောင်စားပါ့မယ် baby ရယ်၊ခုရော ချောကလက်လေး ကိုအရင်စားလို့ရမလား...''

'' မောင် !!!!. ...ဘာတွေပြောနေတာလဲ... ''

'' ဟာ..မောင့်ချောကလက်လေးက ဘာတွေးတွေးနေတာလဲ မသိဘူးကွာ၊မောင်ပြောတာက ချောကလက်လေးကို နမ်းချင်တယ် ပြောတာနော်...ဟား...ဟားး...''

''အစကထဲကအဲ့လိုပြောပါလား နေသော်ကြီးရဲ့...''

'' ဟာ...ခေါ်ပြန်ပြီ နေသော်ကြီး၊လာထား... အပြစ်ပေးရမယ်...''

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now