Part 24 (final) ( Z)

4.8K 109 5
                                    

   '' မောင်  သီဟိုဋ်သီးတွေ အများကြီး သီးနေပြီပေါ့...''

'' ဟုတ်တယ် baby. ..ခု နှစ်... မနှစ်ကထက် ပိုသီးတယ်လို့.. .အဘလူအေး ပြောသေးတယ်... ''

'' ဟီးး မိုက်တယ်.. နှင်းသီးလေးက lucky လေးပဲ...''

သူ့သားအတွတ် မွေးနေ့လက်ဆောင် ဆိုပြီး သီဟိုဋ်ခြံ ကြိုဝယ်ထားသည်က်ို ညက ပြောပြမှသာ မှူး သိရသည်။ နှင်းသီးလေး မွေးနေ့တုန်းက ဆိုင်သစ်ဖွင့်ပွဲနဲ့ တိုးနေသောကြောင့်  ခုမနက်စောစောမှ ရောက်လာသော အမြွှာနှစ်ယောက်ကိုပါ မှူးတို့နဲ့အတူ သီဟိုဋ်ခြံကို ခေါ်လာခဲ့သည်။ ပဲခူးရိုးမ တောင်ခြေနား မရောက်မီ... အနဲငယ်မြင့်သော တောင်တွေရှိရာ ဇီးကုန်းမြို့အစွန်နားက ရွာလေးတရွာမှာ ဝယ်ထားခြင်းဖြစ်သည်။ မှူးတို့မြို့လေးက ပဲခူးရိုးမ နဲ့ နီးသည်ပြောရမည်။ အရှေ့ဘက် ရွာလေးတွေဆီသွားရင် ပဲခူးရိုးမ တောင်တန်းကြီးကို မြင်ရသည်။

ရှစ်နာရီ ထိုးခါနီးပင်မဲ့ ရိုးမနဲ့နီးတော့ တရွာပြီးတရွာ ကျော်လာလေ...နှင်းတွေက ပိုကျလေဖြစ်သည်မို့ မောင်က ကားကို မီးဖွင့်ပြီး အရှိန်လျော့ကာ မောင်းနေသည်။ ကားနောက်ခန်းမှာတော့ အမြွှာနှစ်ယောက်ကြား နှင်းသီးလေး က ခွံကျွေးနေသော မုန့်တွေကို ပါးဖောင်းကြီးတွေနဲ့ တမြုံ့မြုံ့စားပြီး ဇိမ်ယူနေသည်။

'' တီတီ့ကို ချစ်လား..တီတီ့နှင်းသီးလေးက..''

'' ချစ်...ချစ်...''

'' အမလေး..အတတ်ကလေးပါတော်..ရွှတ်စ် ''

အငယ်မ စိတ်မထိန်းနိုင်ပဲ ကိတ်မုန့်စားနေသော နှင်းသီးလေးရဲ့ ပါးဖောင်းကြီးတဖက်ကို နမ်းပလိုက်သည်။

'' လေးလေးကိုရော ချစ်ဖူးလား..နှင်းသီးလေး က ''

'' ထူးထူး....ချစ်..ချစ်..''

'' အလိုတော်...ငါ့ကြ တီတီပဲ ခေါ်ပြီး သူ့လေးလေးကြ ထူးထူးတဲ့...နှင်းသီးလေးကို တီတီ အသဲယားလာပြီ တော်...''

အကြီးကောင် နဲ့အငယ်မ ပါးနှစ်ဖက်ကို တရွတ်ရွတ်နမ်းတာအား အစားမပြတ် ပြုံးပြီး အနမ်း ခံယူနေသော သားသားကို မှူးကြည့်လိုက်ပြီး ခေါင်းခါမိသည်။ သူ့ daddy ကလဲ ကားမှန်ကနေတဆင့် သူ့သားကို လှမ်းကြည့်နေလေရဲ့ ။ မှူး ဂျစ်တိုက်စိတ်ကောက်ပြထားလို့ သူ့သားကို အရမ်းစိုးရိမ်တာ လျော့ချပြစ်မည်ဟု ဂတိပေးထားလို့ ခု ငြိမ်နေခြင်းဖြစ်သည်။ မဟုရင် သူ့ပေါင်ပေါ်တင်ထားပြီး ကားမောင်းမှာ သေချာသည်။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now