Part 2 (U)

17.5K 1K 41
                                    

'' သားငနေ အထုတ်ကို အခန်းထဲသွားထားလိုက်၊ ပြီးရင် မနက်စာ စားဖို့ ဆင်းလာခဲ့။ သားအကြိုက် တီချို့ရဲ့အသုပ် မှူးလေး လာပို့ထားတယ်၊မှူးလေးလဲ နေပါအုံး ဆိုတာကို တန်းပြန်သွားတယ်...ဒီကလေး သူစိမ်းတွေကျနေတာပဲ...''

'' ဟုတ်..အမေ...''

အမေ့ကိုပြန်ဖြေရင်း အပေါ်ထပ်က သူ့အခန်းဆီ နေသော် တက်သွားလိုက်သည်။ကားမမူးတတ်ပင်မဲ့ ကားစီးရင် ငြီးစိစိ ဖြစ်တက်တာရော၊မနက် ၄နာရီကား စောစောထစီးလာရသည်ကြောင့်ရော လူလန်းသွားအောင် အမြန် ရေချိုးလိုက်သည်။

ရေချိုးနေရင်း အတွေးရောက်သွားတာက အူကြောင်ကျား မှူးလေးဆီ။နေသော်က မာနကြီးတဲ့သူမဟုတ်ပင်မဲ့ စကားနည်းတဲ့သူ ဖြစ်တာ​ကြောင့် သူ့ကို လူတိုင်းကရှိန်ကြသည်၊မြတ်မှူးအိမ်လဲ တစ်ယောက်အပါအဝင်ပင်။

သူတို့နှစ်ယောက်က အရမ်းခင်မင်ရင်းနှီးတဲ့အထဲ မပါသော်လည်း တစ်ယောက်နဲ့တစ်ယောက် က မျက်မှန်းတန်းမိကြတဲ အထဲပါသည်။ နေသော့်ဘဝမှာ  အရမ်းခင်မင်ရတဲ့သူဆိုလို့ လက်ချိုးရေလို့ရသည်။ရင်နှီးသူဆိုလို့ ထွန်းသစ်စ တယောက်ထဲသာ။ထွန်းသစ်ကလဲ ရန်ကုန်က သူ့မိဘcompany ကို ဆက်ဦးစီးနေသည်။သူလဲ မိဘအလုပ်ကို ပြန် ဦးစီးဖို့ အမေခေါ်၍ ပြန်လာခြင်းပင်။

ရွှေဆိုင်ရော၊ဆန်စက်ကိုပါ ​ေနသော် မဦးစီးချင်ပေ။ကိုယ့်ဘာသာ တစ်ခြားအလုပ်တစ်ခု ထူထောင်ဖို့တွေးထားသည်။အဖေက ပြောရလွယ်ပင်မဲ့ အမေ့ကိုတော့ အတော်ပြောယူရမှာ သေချာသည်။အရင်းအနှီးကတော့  နှစ်ဖက်အဘိုးအဘွားတွေ အမွေပေးခဲ့တာတွေနဲ့ ရင်းနှီးလို့ရသည်။

' ဒုန်း..ဒုန်း...'

''သားရေ...ငနေ ဆောင်းတွင်းကြီး အအေးပတ်နေမယ်၊ ချိုးမနေနဲ့အုံး၊ အမေ မနက်စာပြင်ပြီးပြီ...လာခဲ့တော့နော်...''

ဒေါ်ဆုသော် သားဖြစ်သူရေခဲတုံးကို ရေအမြန်ချိုးဖို့ ပြောရင်း သားအခန်းရှေ့မှ ပြန်လာခဲ့သည်။သူ ပြန်အဖြေကို စောင့်လဲ ကြာနေမှာ သိသောကြောင့် အဖြေကိုမစောင့်တော့။

ဘ​ယ်သူ့တူလို့မှန်းမသိ သားကငယ်ငယ်ကထဲက လူကြီးဆန်တဲ့ ကလေးထဲပါသည်။စကားကလဲ လေလုံးကွဲအောင် ပြောတာမဟုတ်၊တီတီတာတာ အချွဲခံချင်တဲ့အခါ မှူးလေးဆီ သွားရသည်။ကိုယ့်သားက ချွဲမှမချွဲပဲကိုး...။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now