Part 15

12.1K 707 5
                                    

  '' နေသော်ရေ  ဆန်အိတ်ထုပ်တွေ ထပ်သယ်လာခဲ့ပေးအုံး ''

'' လာပီ မှူး ''

ဆိုင်ဖွင့်ပွဲမို့ မြန်မာတို့ ဓလေ့အတိုင်း အလှူမဂ်လာအဖြစ်  ဆန်တစ်ပိသာဆီ ထုတ်ပြီး ဆိုင်ရှေ့မှာ ဝေ ပေးနေခြင်းဖြစ်သည်။ မနေ့ညနေကထဲက ဖေကျော်နဲ့ မေဆု တို့ဆိုင်မှ အလုပ်သမားများနှင့် တပျော်တပါး ထုတ်ထားကြသည်မို့ ခုမနက် အဆင်သင့် ဝေရုံပင် ဖြစ်သည်။ တယောက်နဲ့တယောက် စကား ကမ်းကြပြီး မြို့ထဲ နေရာအနှံ့မှ အောက်ခြေလူတန်းများကအစ အလယ်အလတ်လူတန်းစားများအထိ လာယူကြသည်။ လက်မလည်အောင် ဝေနေရပင်မဲ့ အလှူကြောင့် ဝမ်းသာပီတိ ဖြစ်နေရသည်။

နေမြင့်လာချိန်တွင်တော့ ဆန်ဝေခြင်းအမှု ပြီးသွားလေပြီ။ တသောင်းအထက် စျေးဝယ်ရင် ကံစမ်းမဲ နှိုက်ခွင့်ရှိသည်ဟု ကြော်ညာထားသောကြောင့် လာဝယ်ကြသည်။ ကံစမ်းမဲ ထဲတွင် လက်စွပ် သုံးကွင်း ပါပြီး TV. ပန်ကာ. ဖုန်းအားသွင်းကြိုး.ရေနွေးကြိုအိုး..ဓာတ်ဘူး စသည်ဖြင့် ဗလာမပါ ကံစမ်းမဲ မို့ လူတိုင်းကို ဆွဲဆောင်မိနေသည်။ ဆိုင်ကယ် အင်ဂျင်ဝိုင်... တာယာ.. စသည်ဖြင့် မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းများကို တသောင်းအထိပြည့်အောင် ဝယ်ကြပြီး တပျော်တပါး ကံစမ်းနေကြသည်။ မဲပေါက်တိုင်း ပေါက်သူရော တခြားသူများကပါ တပျော်တပါး ထ ထ အော်ကြသည်မှာ ပျော်ဖို့ အလွန်ကောင်းသညိ။

ဆိုင်ဝန်ထမ်းကောင်လေး နှစ်ယောက်နဲ့ မှူးတို့နှစ်ယောက်မှာ ထိုင်ချိန်တောင် မရပဲ စျေးရောင်းနေရသည်။ လှူတဲ့ ဆန်ရော..ကံစမ်းမဲ ထဲ ထည့်သည့် လက်စွပ်များမှာ ဖေကျော်နဲ့မေဆုက ဆိုင်ဖွင့်ပွဲ လက်ဆောင် ပေးခြင်းဖြစ်သည်။ မှူးတို့ နှစ်ယောက်ထဲ ရှိချိန်တွင်သာ မောင် baby ခေါ်ကြပင်မဲ့ တခြားသူတွေအရှေ့တွင်တော့ နေသော်နဲ့ မှူး ဟုသာ ပြောလေ့ရှိသည်မှာ နှစ်ယောက်တိုင်ပင်မထားပဲ ပြောလေ့ရှိခြင်းသာ။

လူနဲနဲပါးလာချိန်တွင်တော့ မှူး မနေ့့က ရေခဲသေတ္တာထဲ ထည့်ထားသော ဟင်းရွက်စုံနဲ့ အသားတွေကို ထုတ်ပြီး ကြော်တာကြော် ချက်တာချက် လုပ်လိုက်သည်။ ဖေကျော်နဲ့မေဆုအတွတ် နေ့လည်စာ ကို မှူးပဲ ဆက်ချက်ပေးပြီး အလုပ်သမားတွေကို ဒီဘက် လာယူစေလိုက်သည်။ တခါထဲ ပေါင်းချက်ရတာ ပင်ပန်းတာလဲ မဟုတ်ဘူးလေ..လူကြီးတွေလဲ ပူပူနွေးနွေး စားလို့ရသည်ပေါ့။ မှူး မေ့မေ့ဆီလဲ တပတ်တခါလောက်သာ ရောက်ဖြစ်သည်။ ညတိုင်းတော့ ဖုန်းပြောဖြစ်သည်။ အမေ့ကိုလဲ ထမင်းဆိုင် ဆက်မရောင်းစေချင်တော့ပေ။ အသက်ရလာရင် ဟင်းချက်ဆီသတ်တဲ့ ညှော်နံ့တွေနဲ့ ကျန်းမာရေး ထိခိုက်မှာ စိုးမိသည်။ နောက်မှ မောင်နဲ့တိုင်ပင်ပြီး တခုခုစီစဥ်ရမည်။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now