Part 5

15K 954 22
                                    

  '' စောပါသေးတယ်ကွာ...ပြန်အိပ်ပါအုံးလား...''

'' ငါ အိပ်မရတော့ဘူး နေသော်ရဲ့...ခုချိန်က အိပ်ယာထနေကျ အချိန်မို့ပါ...''

မှူး   နေသော့်ကိုပြန်လဲဖြေရင်း သူ့ကိုကားရားခွမိထားသော ခြေထောက်တစ်ဖက်နဲ့လက်တစ်ဖက်ကို နေသော့်လက်တွေဆီကနေ အသာလေး ဆွဲထုတ်လိုက်သည်။ ညဘက်ဘယ်လိုပဲတစ်ဖက်မှာ ကပ်အိပ်အိပ် မနက်မိုးလင်းလို့ကြည့်လိုက်တာနဲ့ ဖားပျံလေးလို  နေသော့်ဆီကပ်နေပီးသားပင်။ 

အိပ်ရေးက သိပ်တော့မကြမ်းရှာပါဘူး...ဟင်း။အေးလို့ အနွေးဓာတ် ရှိရာဘက် ကပ်သွားမိတယ်လို့ပဲ စိတ်ဖြေတွေး တွေးရ၏။ နေသော်က မင်းအိပ်ရေးကြမ်းတယ်လို့ ပြောမလာတာပဲ ကျေးဇူး တင်ရမည်မှူးရယ်ဟုသာ ကိုယ့်ကိုကိုယ် ပြောမိလေသည်။

မှူး စောင်ထဲကနေအသာခြေထောက်ထုတ်ပီး ကုတင်ပေါ်မှ ဆင်းလိုက်သည် ။

'' ငါ ခုမနက် ပဲပြုတ်ထမင်းကြော်မလို့၊ကြက်ဥက မင်းက မကျက်တကျက်ကြော်တာ ကြိုက်တာမလား..''

''အင်း...ကိုယ့်ကို မကျက်တကျက် ကြော်ပေး...''

'' ဟုတ်ပြီ...အဲ့ဆို မင်းပြန်အိပ်တော့...''

မှူး အပြောကို နေသော်က ခေါင်းတချက်ညှိမ့်ပြပြီး အဖြေပြန်ပေးလာသည်။ မှူးလဲ မျက်နှာသစ်ရန်ရေချိုးခန်းဘက် သွားလိုက်သည် ။

မျက်နှာသစ်ရန်သွားသော မှူးနောက်ကျောကိုကြည့်ရင်း နေသော် နှုတ်ခမ်းထက်ဝယ် အပြုံးရေးရေးလေးပေါ်လာသည်။ နေသော်တို့ အိမ်ထောင်ပြုတာ မနက်ဖြန်ဆို တစ်လပြည့်တော့မည်။ တစ်အိမ်ထဲ တစ်ခန်းထဲအတူတူနေသောအခါ တစ်ယောက်အကြောင်းတစ်ယောက်မသိတာ မရှိသလောက်ပင် ။

မှူးက စအိပ်ခါစဆို တစ်စောင်းအိပ်သည်။သို့ပင်မယ့် အိပ်ပျော်သွားရင် အငြိမ်မနေ၊ဟိုလှည့်ဒီလှည့်နှင့် နေရာခဏခဏ ရွှေ့တက်သည်။အဲကွန်းကို အရမ်းအေးအောင်မထားပင်မဲ့ မှူးက အအေးကြောက်သည်ထင်၊ နေသော်ရှိရာဘက် တိုးလာလေ့ရှိသည်။ နေသော်ကလဲ အအိပ်ဆက်သူဖြစ်ရာ မှူးနဲနဲလေးလှုပ်လာတာနဲ့ နိုးပီးသားဖြစ်နေသည်မို့  မှူးကိုမလှုပ်နိုင်အောင် ဖက်ထားပီး အိပ်ရသည် ။ တစ်လလောက်ကြာတော့ နေသော်လည်း ကျင့်သားရလာလေပြီ။အူကြောင်ကျားမှူးလေးကတော့ မနက်ဆို  ခပ်တည်တည်နဲ့ပင် နေသော့်ရင်ခွင်ထဲကနေ အသာလစ်ထွက်သွားလေ့ရှိသည်။  

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now